💕 38 Final 💕

1.9K 97 2
                                    

Zaw

"အစ်မအွန်းနာ!!!!"

သောက်လက်စခွက်ပင် အောက်သို့ 'ဘုတ်' ခနဲ ပြုတ်ကျသွားသည်။ လှည့်မကြည့်လဲ ဒီအသံကိုသိနေသော အွန်းနာမျက်နှာက ငိုမဲ့မဲ့နှင့်...

ဂိုယောင်းကလွဲပြီး အားလုံးက လှမ်းခေါ်သော ကောင်မလေးကိုကြည့်ပြီး ဘာပြောရမှန်းတောင် မသိကြပေ...

"ထင်သားပဲ မီနမ်ကလေ အစ်မအွန်းနာဒီမှာရှိမှန်းသိလို့ကိုလာတာ...." အွန်းနာဘေး အတင်းတိုးဝှေ့ထိုင်ကာ မီနမ်တစ်ယောက် လိုက်ကပ်နေသည်။

"အော်..ဒါက အစ်မအွန်းနာ သူငယ်ချင်းတွေလား တွေ့ရတာဝမ်းသာပါတယ် ညီမနာမည်က မီနမ်ပါ။" မီနမ်၏ တရင်းတနှီးနှုတ်ဆက်မှုကြောင့် အားလုံးလဲ အလိုက်သင့်လဲ ပြန်နှုတ်ဆက်ကြသည်။ အွန်းနာကတော့ ငိုမဲ့မဲ့နှင့်။

"စားစရာတွေက ဒါပဲလား မီနမ်ထပ်ပြင်ပေးမယ် ခဏလေးပဲစောင့်နော်...." ပြောပြီးပြီးချင်း စားဖိုဆောင်ဘက်သို့ ပြေးထွက်သွားသော မီနမ်ကိုကြည့်ရင်း ယွန်းဂျီမှ

"ဟဲ့အဲ့တာဘယ်သူလဲ ငယ်သေးပုံပဲနော်...."
"ဘယ်သူကမှာလဲ ဒီကိုမကြာသေးခင်ကမှ ပြောင်းလာတဲ့ ကုန်သည်ကြီးရဲ့သမီးပေါ့။ သူက ဒီကအွန်းနာကို သဘောကျနေတာ..." ဂိုယောင်းရှင်းပြလိုက်တော့မှ အားလုံးက ပြုံးစိစိနှင့်.....

"ကောင်မလေးက ချစ်စရာလေးပါ ခင်ဖို့ကောင်းမဲ့ပုံပဲနော်...ဟုတ်တယ်မှတ်လား ကို.." ယောင်ဟိုက အွန်းနာပုံစံကိုကြည့်ရင်း စချင်လာတာတောင့် ဒုန်ဂျူး ကိုပါ စစ်ကူခေါ်နေသည်။

"ဟုတ်တာပေါ့ ငယ်ရယ်...ကြည့်ရတာ ညီမအွန်းနာနဲ့ လိုက်တယ်နော်..."
"ဟုတ်တာပေါ့ ကိုရဲ့..." အတိုင်အဖော်ညီနေသော နှစ်ယောက်သားကြောင့် အွန်းနာပို၍ပင် ငိုချင်လာသည်။

မီနမ့်ကို အွန်းနာတို့က တစ်ခုကူညီဖူးပြီး အဲ့အထဲက အဲ့ကောင်မလေးက အွန်းနာနောက်တစ်ကောက်ကောက်။ ဂိုယောင်းမှာတော့ တစ်ချိန်က အွန်းနာ အစ်မဆူအာအားလိုက်ပုံနှင့် တူနေသေးလို့ စလိုက်နောက်လိုက်သေး။

အွန်းနာဘက်ကတော့ အရင်အတိတ်ဟောင်းကို မေ့မရတာကြောင့် ဒီကောင်မလေးကို မစဉ်းစားချင်သေး....မီနမ့်လုပ်ရပ်တွေက တစ်ချိန်က မိမိ၏လုပ်ရပ်တွေနဲ့တော့ အတော်တူသည်။

Lee Yoon Gyi (Complete)Where stories live. Discover now