❣ 7 ❣

1K 112 0
                                    

Zaw

မိမိကို အံ့သြဟန်နဲ့ သေချာစိုက်ကြည့်နေသော ထိုကောင်လေးကိုလဲ အံ့သြမိသည်။ ဘယ့်နှယ် လူကို ပေါက်ထွက်မတတ်ပဲ။

ထရပ်လိုက်တော့ ကျောဘက်က စူးကနဲခံစားရသည်။ ဒီကောင်လေးက တောင်းတောင်းပန်ပန်နဲ့ပြောနေတယ်။ သူ့အမှားမှလဲမဟုတ်တာ။ ကလေးလေးတစ်ယောက်ကို ကယ်ရင်းဖြစ်တာပဲ စိတ်ထားလေးကတော့ကောင်းသား။

ဒီကောင်လေးတောင်းပန်နေတုန်း အနောက်ကနေ အော်ခေါ်သံကြားလိုက်လို့ လှည့်ကြည့်မိလိုက်တော့ နောက်တစ်ယောက်လဲ မိမိကို ပေါက်ထွက်မတတ်ကြည့်နေတယ်။ ဒါပင်မဲ့မတူဘူး သူက ​ဒေါသထွက်နေပြီး ငါ့ပဲ ထိုးမလိုလို။

မလွယ်ဘူး...ကူညီလဲကူညီရသေးတယ်။အာ့...ကျောကလဲနာလိုက်တာ.....
-----
"ဘာစာမှမကျက်ရပါစေနဲ့တဲ့လား ဟားးးဟားးးး"
"ဟာ...အစ်ကိုဒုန်ဂျုးနော်။ ဘာဖြစ်လဲ.... "
"နောက်တာပါ... ဟားး... လာလာ...လွှတ်တော့မယ်။"

"အစ်ကိုကကော ဘာဆုတောင်းရေးတာလဲ။"
"ရော့..ဖတ်ကြည့်။"
လက်ထဲက စာရေးထားတဲ့ မီးပုံးလေးကို ယွန်းဂျီလဲလှမ်းယူလိုက်ပြီး ဖတ်ကြည့်တော့

" 'ကိုယ်ချစ်ရသူက ကိုယ့်ကိုပြန်ချစ်လာပါစေ' အိုးးးး အစ်ကိုဒုန်ဂျုးမှာ ချစ်ရမဲ့သူ ရှိနေပြီပေါ့။"
"အင်းးးဟုတ်တယ်။ ဒါပင်မဲ့လေ သူက မသိဘူးထင်တာပဲ။"

"ဘယ်သူမို့လဲ..."
"ရေးပြီးကြပြီလား...လွှတ်တော့မယ်လေ။" အွန်းနာရဲ့အမေးကြောင့် ယွန်းဂျီလဲမေးတဲ့ကိစ္စ အမှုမဲ့ အမှတ်မဲ့သာ။

ကောင်းကင်ကြီးမှာ ဆုတောင်းစာရေးပြီး လွှတ်တင်လိုက်တဲ့ မီးပုံးတွေကြောင့် ညကောင်းကင်ကြီးမှာ အရင်ကထက်ပိုလှပြီး လင်းနေလေသည်။

ထိုအလင်းများကလဲ ယွန်းဂျီ ဆိုတဲ့လူသားလေးမျက်နှာပေါ်တွင်လဲ ထင်ဟပ်နေသေးတာမို့ ဘေးတွင် ငေးကြည့်နေသော ကောင်လေးကသာအသိဆုံး
__________________

"ဟုတ်ကဲ့ ကျွန်တော့်ကို အခေါ်လွှတ်လိုက်တယ်ဆိုလို့။ မင်းသား"
"ဟုတ်တယ်။ မင်းကို အကူအညီတောင်းမလို့။ ငါဒီနေ့ညနေ စာအုပ်တိုက်ကို ခဏလောက်သွားမလို့။ အဲ့တာ မင်းလိုက်ခဲ့ပေး။"

Lee Yoon Gyi (Complete)Where stories live. Discover now