💛 32 💛

634 73 2
                                    

Zaw

ယောင်ဟို ဒီနေ့နဲ့ဆို ၅ရက်မြှောက်နေ့ရှိပြီ စားတော်ဆက်ချိန်ကလွဲပြီး ကျန်တဲ့ချိန် ဘယ်သူမှ နန်းဆောင်ထဲ ဝင်မလာပေ။

အရင်အခြေအနေဆို ဒီလိုမျိုးနေတတ်တဲ့ ယောင်ဟိုက ခုအချစ်ရှိနေပြီ။ ချစ်ရသူအနားမှာ မခွဲစဖူး ခွဲရသည်။ နာကျင်မှုတွေကို မြိုသိပ်ပြီး မြန်မြန်ကုန်ဆုံးဖို့သာ ဆုတောင်းရတော့သည်။

ယောက်ဟို့နန်းဆောင်သို့ အချိန်တိုင်းလိုလို လာလာချောင်းနေတတ်ခဲ့ ဒုန်ဂျူးလဲ ရင်ထဲမှာ မွန်းကြပ်မှုအပြည့်။ ချစ်ရသူ အဆင်မှပြေရဲ့လား။ စစချင်းရက်တွေတုန်းက အစာမစားဟု သတင်းကြားပြီးပြီးချင်း အထိန်းတော်ကြီးမှတစ်ဆင့် အစာစားဖို့ မှာလိုက်ရသည်။

လိမ္မာသော မိမိချစ်ရသူက မိမိပြောစကားအား နားထောင်ကာ ကျန်းမာအောင်နေသည်ဆိုမှ စိတ်ကို ဒုန်းဒုန်းချနိုင်တော့သည်။

ချစ်ရသူနဲ့ ဝေးတဲ့အချိန်တွေက တကယ်ကို လွမ်းဆွတ်ရသည်။ အထီးကျန်သည်.......
_________________

ဒီနေ့ ယွန်းဂျီ မိဘတွေက ထမင်းစားဖို့ မင်ဝူ့ကို ခေါ်ထားတာကြောင့် မင်ဝူ ယွန်းဂျီတို့အိမ်ကို လာရသည်။

ယွန်းဂျီမိသားစုတွေက နွေးထွေးတာကြောင့် မင်ဝူတကယ်စိတ်ချမ်းသာမိသည်။

"စားရတာ အဆင်ပြေတယ်မှတ်လား။" သခင်မကြီးလီက စားသောက်ပြီးလို့ မင်ဝူ့ကို မေးတော့
"ဟုတ်ကဲ့ အားလုံးအဆင်ပြေပါတယ်။ ခုလို့ ဖိတ်ကျွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

"မလိုပါဘူး မိသားစုတွေပဲ.." သခင်ကြီးလီရဲ့ စကားကြောင့် ယွန်းဂျီကော မင်ဝူကော ကျောတွေမတ်သွားသည်။

သခင်ကြီးလီလည်း ကိုယ့်စကားကို သေချာပြန်တွေးလိုက်ပြီး မျက်နှာပူသွားသည်။ တိတ်ဆိတ်သွားသော ပတ်ဝန်းကျင်ကို ဖြိုခွင်းလိုက်သူက သခင်မကြီးလီပင်

"အော်...အမ်း...အားနာစရာမလိုပါဘူးလို့ပြောချင်တာပါ။ ဒါနဲ့ မင်ဝူကျောင်းတတ်ကတော့မယ်နော်..." စကားလမ်းကြောင်း လွှဲလိုက်တော့မှ မင်ဝူလဲ သတ်ပျင်းချနိုင်ပြီး

Lee Yoon Gyi (Complete)Where stories live. Discover now