Zaw
"အခြေအနေ..." မနက်စောစော မင်ဝူမနိုးခင် ယွန်းဂျီတစ်ယောက် သူငယ်ချင်းတွေနဲ့ချိန်းထားတဲ့ လမ်းကွေ့ဘက်ကို အမြန်ပြေးလာခဲ့လိုက်သည်။ ရောက်ရောက်ချင်း သူငယ်ချင်းမ အွန်းနာမေးလိုက်ခြင်းဖြစ်သည်။
"ကိုကိုက အပြင်ကို ပြေးထွက်သွားတာပဲ... ငါနမ်းတုန်းကတော့ ငြိမ်နေတယ်..."
"အဲ့တာအခြေအနေမဆိုးဘူးပဲ ပြောရမှာပေါ့..." ဂိုယောင်းပြောတာကို အွန်းနာလဲ"နင်ကဘယ်လိုထင်လို့လဲ..."
"နင်တို့ပဲ စဉ်းစားလေ အချင်းချင်းက ခုလိုလာနမ်းရင် ဘယ်သူကငြိမ်နေမှာလဲ... မင်းမူးတယ်ဘယ်လောက်ပြောပြော အနည်းဆုံးတွန်းထုတ်မိကြမှာပဲလေ..."ဂိုယောင်းပြောတာကို အွန်းနာလဲ ခေါင်းတငြိမ့်ငြိမ့်နဲ့
"သူပြောသလိုဆိုရင်တော့ ဟုတ်တယ်... ဒီလိုဆို အစ်ကိုမင်ဝူက ယောက်ျားလေး စိတ်ဝင်စားတာလား.. မိန်းကလေး စိတ်ဝင်စားတာလား။""ငါလဲမသိဘူးလေ... နင်တို့ငါ့ကိုကူညီကြနော်..."ယွန်းဂျီလေးက နှုတ်ခမ်းလေးကိုဆူကာ မျက်နှာငယ်လေးနဲ့ ပြောလာတော့ အွန်းနာလဲ
"အေးပါ...စိတ်ချ... ခုနင်လုပ်ရမှာက အစ်ကိုမင်ဝူ ဘာကိုပိုစိတ်ဝင်စားလဲ သိအောင်လုပ်ရမှာ....""အဲ့တော့..ငါဘာလုပ်ရမှာလဲ..." ယွန်းဂျီအမေးကို အွန်းနာ လူတတ်ကြီးအပြုံးပြုံးပြီး
"လွယ်လွယ်လေးပါ......"
____________________အခန်းအပြင်ကနေ ဘယ်လောက်ခေါ်ခေါ်ထွက်မလာသောကြောင့် အခန်းထဲကိုဝင်ကြည့်လိုက်တော့ အကောင်ပေါက်က ရှိမနေတော့ချေ။
"အကောင်ပေါက်..ဘယ်တွေသွားပြန်ပြီလဲမသိဘူး..."စိတ်ပူပူနဲ့ သခင်ကြီးလီတို့အိမ်သွားကြည့်တော့ ထမင်းဝိုင်းမှာ ပလုတ်ပလောင်းနဲ့ ထမင်းစားနေသောယွန်းဂျီကိုတွေ့မှ သတ်ပြင်းချနိုင်တော့သည်။
"မင်ဝူ... လာလေ... တစ်ခါထဲစားသွားပါလား။ အဒေါ်က မလာသေးရင် ခုပဲလာပို့တော့မလို့..."
"ရပါတယ် သခင်မကြီးလီ... ကျွန်တော်အားနာလို့ပါ..."မိမိနဲ့ အကောင်ပေါက်မိခင်စကားပြောသည့်တိုင် တစ်ခေါက်သာမော့ကြည့်ပြီး စားလက်စကိုသာ ပလုတ်ပလောင်းပြန်စားနေသော အကောင်ပေါက်။ မနေ့ကိစ္စကို မသိတဲ့ပုံပဲ...အဲ့တာလဲကောင်းပါတယ် မိမိရော သူရော အနေမကြပ်မှာပေါ့။
YOU ARE READING
Lee Yoon Gyi (Complete)
RomanceZaw Lee Yoon Gyi Korea ရှေးခေတ် ပုံစံလေးပါ Start Date-14.11.2020 Khine lay Uni Lee Yoon Gyi Korea ရှေးခေတ် ပုံစံလေးပါ Start Date-14.11.2020 Khine Lay