💓 10 💓

892 93 2
                                    

Zaw

"အတွေးပိုင်းတွေ ပိုထည့်ထားလို့ ငါ့မှာတွေးလိုက်ရတာ ခေါင်းတောင်ခြောက်တယ်။ မင်းရော မင်ဝူဖြေနိုင်လား။"
"အဆင်တော့ပြေမယ်ထင်တာပဲ။"

ခုက အမတ်စာမေးပွဲ ပထမနှစ် ရဲ့နောက်ဆုံးနေ့ဖြစ်လို့ အားလုံးလဲ ပျော်ပျော်ထွက်လာပင်မဲ့ ဒီနေ့က ဘာသာထဲမှာ အစဉ်းစားရဆုံးအပိုင်းဖြစ်တာကြောင့် နဲနဲတော့ ကျောင်းသားများမျက်နှာမကောင်းပေ။

"မင်းက အိမ်ပြန်မှာလား။"
"အင်းး ခဏပါပဲ။ ဒီမှာပဲ အလုပ်လုပ်ပြီးနေမလားလို့။"

"ဟ..ကောင်းတာပေါ့။ ဒီမှာက ငွေရှာရတာလွယ်တာပေါ့။ အဲ့တာဆို ငါတော့ပြန်ဖို့ အထုတ်သွားသိမ်းကြရအောင်။"
"အေးးး"

မင်ဝူလဲ အထုတ်တွေ သိမ်းပြီးလို့ မိမိအားခေါ်ထားသော အိမ်သို့သာ သွားရတော့သည်။
___________________

"တစ်ခုခုသွားစားကြရအောင်။" လသာဆောင်မှာ စာအုပ်ဖတ်နေရင်း ယောင်ဟိုကပြောတော့ ဒုန်ဂျူးလဲ
"စားဖိုဆောင်ကို ပြင်ခိုင်ထားလိုက်ပါ့မယ်။"

"မဟုတ်ဘူး။ အပြင်မှာသွားစားမှာ။ ခေါက်ဆွဲဆိုင်ကလေ။" မိမိအား မျက်နှာငယ်လေးနဲ့ ပြောနေသော ယောင်ဟိုအား ဒုန်ဂျူးတကယ်ပင် အံ့သြသွားသည်။

"မဟုတ်ဘူးလေမင်းသား။ ခုကနေ့ခင်းဘက်ကြီးလေ တစ်ယောက်ယောက် မြင်သွားမှာပေါ့။"
"မမြင်လောက်ပါဘူး။ ငါ့ကိုသိတာဆိုလို့ နန်းတွင်းကလူတွေပဲ ရှိတာလေ။"

"ဒါပင်မဲ့..."
"မလိုက်ပို့ချင်လဲနေ။ ငါ့ဘာသာသွားလို့ရတယ်။" ချက်ချင်းကောက်ထပြီး သွားမဲ့ပုံပြင်နေသော ယောင်ဟိုကြောင့် ဒုန်ဂျူးလဲ ကြံရာမရပဲ

"အဲ့..အဲ့လိုမဟုတ်ဘူးလေ ကျွန်တော်လိုက်ပို့ပေးပါ့မယ်။"
"ဟီးး အစောကြီးထဲက ဒီလိုပြောရင်ရရဲ့သားနဲ့ကို။ ငါဝတ်ရုံလဲ လိုက်ဦးမယ် ခဏလေးစောင့်နော်။"

အဆောင်ထဲသို့ ခပ်သုတ်သုတ်ဝင်သွားသော မင်းသားလေးကို ဒုန်ဂျူး ကြည့်ရင်းတကယ်ရယ်မိသည်။ လူအများရှေ့တွင် တည်ကြည်အောင်နေတတ်သော မင်းသားလေးက မိမိနဲ့ဆို ခုလိုကလေးလိုလိုဖြစ်နေတတ်သည်။

Lee Yoon Gyi (Complete)Where stories live. Discover now