🖤 36 🖤

741 71 0
                                    

Zaw

မင်ဝူက ဘဝမှာ အေးချမ်းစွာနေချင်တာကြောင့် ဖခင်ပေးမဲ့ တိုင်းပြည်ဆက်ခံသူနေရာကိုလဲ ငြင်းခဲ့တယ်။ ဖအေတူ မအေကွဲညီဖြစ်သူ ယောင်ဟိုကိုလဲ အခုကိစ္စတွေအားလုံးကို ဖုံးထားဖို့ ဖခင်ကို ကတိတောင်းခံခဲ့သည်။

အမတ်ဖြစ်ပြီးတာနဲ့ နန်းတော်မှာ အခစားဝင်ပြီး ချစ်ရသူ အကောင်ပေါက်နှင့်သာ ဘဝကိုအေးအေးချမ်းချမ်းဖြတ်ကျော်ချင်သည်။ မင်းကြီး၏သားတော်ဆိုသည့် ဂုဏ်ကိုလဲ တစ်သက်လုံးသေတဲ့အထိ နှုတ်ပိတ်ထားမှာ.......

နှစ်ဖက်မိဘတွေတွေ့ဆုံဖို့ ဒီတစ်ခေါက်ရွာကပြန်ထဲက တစ်ခါထဲ အဘွားဖြစ်သူကို ခေါ်လာခဲ့လိုက်သည်။ ဘာမှမသိသူ ယွန်းဂျီကတော့ ဒီအတိုင်း အလည်သတ်သတ်သာ ထင်နေသည်။

ရောက်ရောက်ချင်း သခင်ကြီးလီတို့ကလဲ အဘွားဖြစ်သူကို သူတို့အိမ်တွင်သာတည်းရန် ဖိတ်ကြားမှုကြောင့် အဘွားအတွက်လဲ ပိုအဆင်ပြေသည်။

တစ်လျှောက်လုံး မသိသူလို အေးအေးဆေးဆေးနေနိုင်သော ယွန်းဂျီအတွက် အံ့သြစေရန် မင်ဝူအားလုံးကို စီစဉ်ထားကခြင်းဖြစ်သည်။

မနက်ကျရင် ယွန်းဂျီအားတောင်းရမ်းပွဲကို စီစဉ်ထားသည်မို့ မိမိတို့သီးသန့်အိမ်လေးသို့သာ ယွန်းဂျီကိုခေါ်သိပ်ရသည်။

ရောက်တာတောင် သူငယ်ချင်းတွေကို အသိမပေးဘဲ မနှုတ်ဆက်ရသေးတာမို့ ယွန်းဂျီ မင်ဝူ့ကို သွားဖို့ခွင့်တောင်းသော်လဲ လက်မခံပေ။

အဲ့အတွက်အကျိုးရလဒ်ကတော့ စိတ်ကောက်ခြင်းကို မင်ဝူလက်ခံလိုက်ရသည်။ စိတ်ကောက်ပြီး အိပ်ခန်းထဲ စောစောဝင်သွားတော့မှ မင်ဝူလဲ စိတ်အေးရတော့သည်။

"ဟွန့်...ကိုကိုစုတ်....အကျင့်ကိုမကောင်းဘူး ကြည့်နေ...ကြာကြာကို စိတ်ကောက်ပြမယ်။" အခန်းထဲဝင်သွားပင်မဲ့ ယွန်းဂျီရဲ့ ပွစိပွစိအသံကြောင့် မင်ဝူလဲ
"အဟမ်း ကိုကိုကြားတယ်နော် အကောင်ပေါက်..... အကြီးကပြောနေတာ အိပ်ဆိုအိပ်ပေါ့ မနက်ကျရင် ကိုယ်တိုင်ခေါ်သွားပေးပါ့မယ်ဆို...."

"သွားတော့ ကိုကို့အခန်းကို... အိပ်ချင်ပြီ မနက်ကျမှ လိုက်မပို့ပေးရင် တွေ့မယ်မှတ်...ဟွန့် ...."
"ဟားးး ပြွတ်..... ကောင်းကောင်းအိပ် အဲ့တာမှ မနက်ကျရင် မျက်နှာလေး ပိုလှနေမှာ......"

Lee Yoon Gyi (Complete)Where stories live. Discover now