💛 2 💛

2.5K 209 0
                                    

Zaw

တောင်းတန်းတွေရယ် စိမ်းလန်းတဲ့သစ်တောတွေရယ် စမ်းချောင်းလေးရယ်က သဘာဝကပေးထားသော အလှတရားတွေ။ ထိုအလှတရားတွေနဲ့ ပြည့်စုံနေတဲ့ ရွာလေးဟာလဲ တံငါသည်တွေ၊ တောလိုက်မုဆိုးတွေနေတဲ့ အေးချမ်းတဲ့ ရွာငယ်လေး။

"အဘွား...ဆေးသောက်တော့လေ။"
"ဆေးလား..သောက်ရတာများလို့ မသောက်ချတော့ပါဘူး။"

"အဘွားကလဲ သောက်လိုက်​ပါနော်။"ကမ်းပေးလာတဲ့ ဆေးလုံးလေးကိုယူပြီး ရေနဲ့ တစ်ခါထဲ မျောချလိုက်တော့တယ်။

"မင်ဝူလေး စာသွားသင်ရတော့မှာမှတ်လား။ သွားတော့လေ။"
"ဟုတ်ကဲ့ အဘွား။ ဟိုမှာ ဆူအာ လာနေပြီ။ သားသွားတော့မယ်နော်။"

ခြံဝန်းထဲသို့ မိန်းကလေးတစ်ယောက်က စာအုပ်လေးတွေပိုက်ကာ လမ်းလျှောက်လာသည်။ထိုမိန်းကလေးက အသားဖြူဖြူ ဆံပင်လေးမှာလဲ ခါးကျော်ကျော်လောက်ရှိသည်။

"အစ်ကိုမင်ဝူ သွားတော့မယ်မှတ်လား။"
"အင်း သွားမှာ။ သွားပြီနော် အဘွား။"
"အဘွားသွားခွင့်ပြုပါနော်။"
"အေးအေး..ဂရုစိုက်သွားကြ။"

နှစ်ယောက်သား တွဲပြီး လမ်းလျှောက်သွားတာကို အဘွားကကြည့်ရင်းပြုံးလို့။ ဒီလို လိုက်ဖက်တဲ့ စုံတွဲလေးကို သဘောတူချင်နေသည်။

"အစ်ကိုမင်ဝူ... ဒီနေ့ အလယ်တန်းကလေးတွေကို ဆူအာ တာဝန်ယူလိုက်မယ်နော်။"
"ရပါတယ်။"

"ဟိုလေ အစ်ကိုမင်ဝူ မနက်က မေမေပြောတယ် အစ်ကိုနဲ့ကိစ္စကိုလေ အဲ့တာ အစ်ကို ဘယ်လိုသဘောရလဲ။"
မိန်းကလေးဘက်က စမေးတာမို့ နဂိုဖြူနေသော မျက်နှာမှာ ရဲကနဲ။

"အစ်ကိုစဉ်းစားချင်သေးတယ် ဆူအာ။" မင်ဝူရဲ့ တိုတုတ်တဲ့စကားကြောင့် နဲနဲတော့ အောက်အီးသွားသည်။

ဆူအာက ဒီရွာသာမက အခြားရွာတွေထိပါ နာမည်ကြီးတဲ့ မိန်းကလေးတစ်ယောက်။ သူမရဲ့ လှပတဲ့ မျက်နှာလေးကြောင့် ရွာက ယောက်ျားလေးတော်တော်များများက သဘောကျနေလေရဲ့။ အဲ့အထဲ မင်ဝူမပါ။ ငယ်ငယ်ထဲက ဆူအာကို ညီမလေးတစ်ယောက်လိုပဲ သဘောထားနိုင်သေးတယ်။

ရွာသုံးရွာက စုပြီးဖွင့်ထားတဲ့ စာသင်ကျောင်လေးက အရမ်းကြီးမခမ်းနားသလို သင်ဆရာများလဲ ရှားလေရဲ့။
ဒီလိုကြောင့် မင်ဝူလေးက ငယ်ငယ်ထဲက စာကိုကြိုးစားတာ ခုဆို ပညာတတ်တစ်ယောက်ဖြစ်နေပြီ။

Lee Yoon Gyi (Complete)Onde as histórias ganham vida. Descobre agora