💜 20 💜

669 71 0
                                    

Zaw

သဝန်လွှာကိုဖတ်ရင်း မျက်နှာပျက်ယွင်းသွားသော ယောင်ဟိုကြောင့် ဒုန်ဂျူးလဲ
"မင်းသား... စိတ်ခုစရာတစ်ခုခုများ ရှိလို့လား။"

"ငါ့ကို ညကျရင် စာကြည့်ဆောင်ကိုလာဖို့ ဖိတ်လိုက်တာပါ.."
"ညကျရင်......"

"ဟုတ်တယ်....."
"ဘာလို့ညဘက်မှလဲ နေ့ခင်းလဲရနေတာကို ....."

"ငါလဲမသိဘူး ဒုန်ဂျူး... ပြီးတော့ ငါတစ်ယောက်ထဲတဲ့ တိုင်းရေးပြည်ရေးကို ဆွေးနွေးစရာရှိလို့တဲ့။"
"တိုင်းပြည်ရေးက လူမသိချင်လဲ နေ့ခင်းဘက်တွေဆွေးနွေးရပါတယ်...နောက်ပြီး မင်းသားကို တစ်ယောက်ထဲလာခိုင်းတာဆိုတော့...."

"နေပါစေ...တိုင်းပြည်ရေးက ငြင်းလို့မရတာ... သူဘာမှတော့ မလုပ်နိုင်လောက်ပါဘူး။ တစ်ခုခုဖြစ်ရင် တိုင်းပြည်ရေးတွေ ပရိပက္ခတွေဖြစ်သွားလိမ့်မယ်။"
"ဒါပင်မဲ့.. "

"ဒုန်ဂျူးးးး တကယ်အဆင်ပြေပါတယ်။"
မင်းသား ဟန့်တားမှုကြောင့် ဒုန်ဂျူး ရပ်တန့်လိုက်ပင်မဲ့ စိတ်ထဲတွင်တော့ ခုထိ ဘဝင်မကျသေးပေ။
.
.
ညရောက်လို့ စာကြည့်ဆောင်ကိုသွားရန် မင်းသားပြင်ဆင်ပြီး တစ်ယောက်ထဲထွက်လာလိုက်သည်။
စာကြည့်ဆောင်သို့ရောက်သည့်တိုင် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကြောင့် ယောင်ဟို သတိထားနေနေရသည်။

"မင်းကြီး... ကျွန်တော်မျိုး အိမ်ရှေ့စံပါ။" စာကြည့်ဆောင်တံခါးပေါက်တွင် မတ်တပ်ရပ်ရင်း ယောင်ဟိုပြောလိုက်ခြင်းဖြစ်သည်။

"ဝင်လာခဲ့ပါ။" ခွင့်ပြုချက်ရတာကြောင့် ယောင်ဟိုတံခါးဖွင့်ပြီးဝင်သွားလိုက်သည်။

စာအုပ်စင်တွေ တစ်ခုပြီးတစ်ခု ဖြတ်ကျော်လာသော်လဲ တိတ်ဆိတ်မှုကသာကြီးစိုးနေသည်။

မလှမ်းမကမ်းက မီးရောင်လေးရှိသော စားပွဲခုံရှေ့တွင် တောင်ပိုင်းတိုင်းပြည်၏ ဘုရင်ကြီးရပ်စောင့်နေတာမြင်တော့ ယောင်ဟိုလဲ အရိုအသေပြုလိုက်ပြီး
"အခေါ်တော်ရှိလို့ လာရကြောင်းပါ မင်းကြီး။"

"လာပါ..မင်းသား...။ ကိုယ်တော် ဆွေးနွေးစရာလေးရှိလို့ပါ။ မင်းသားအနေနဲ့ လိုက်လျောခဲ့မယ်ဆိုလျှင် နှစ်နိုင်ငံ၏ ချစ်ကြည်ရေး ပိုမို တည်မြဲစေပါလိမ့်မယ်။"

Lee Yoon Gyi (Complete)Where stories live. Discover now