❤ 16 ❤

674 70 0
                                    

Zaw

"ဟယ်.. မင်.. မင်ဝူလေးလား... မြေးလေးး" မင်ဝူလဲ အဘွားဖြစ်သူကို ပြေးဖက်လိုက်ပြီး မျက်နှာအနှံကို နှစ်ယောက်သား နမ်းနေကြသောမြင်ကွင်းမှာ မြင်သူတိုင်းစိတ်ကို ဖမ်းစားနိုင်သည်။

"အဘွား.. နေရတာအားလုံးအဆင်ပြေတယ်မှတ်လား။"
"ပြေပါတယ်။ အဘွားကလေ မင်ဝူ့ကိုသာ စိုးရိမ်နေတာ.... "

"အဟမ်းး အဘွား... မင်္ဂလာပါ..... ကျွန်တော့်ကိုမှတ်မိလား ဂိတ်ဝမှာဆုံဖူးတယ်လေ။" ပါးလေးတစ်ဖက်ကိုကိုင်ရင်း အဘွားဖြစ်သူအား မှတ်မိအောင်ပြောနေသော ယွန်းဂျီကြောင့် အဘွားလဲ သေချာစဉ်းစားလိုက်ပြီး

"အာ.. မင်ဝူ့ရဲ့ သူငယ်ချင်းဆိုတဲ့ကလေးမှတ်လား... နာမည်က... ဘာပါလိမ့်..ယွန်း...ဂျောင်...ဆိုလား... ဂျူ...ဆိုလား။"
"ဟားး မဟုတ်ပါဘူး ယွန်းဂျီ... လီယွန်းဂျီ..." မင်ဝူထောက်ပေးလိုက်တော့မှ သတိရသွားသောအဘွားကြောင့် ယွန်းဂျီလဲငိုချင်သွားသည်။

"အေးး အေးးး အဘွားကနာမည်မေ့နေတာ.. မိန်းကလေးနဲ့တူတဲ့ကောင်လေးပဲ။ လာ..လာ.. အပေါ်တက် အဖွားဟင်းချက်နေတာ ထမင်းစားကြနော်။"

အဘွားက အိမ်ပေါ်ကို သေချာခေါ်သွားပြီး ယွန်းဂျီတို့စားဖို့ အမြန်ပြင်ဆင်ပေးသည်။ အခုချိန်သိလိုက်ရတာက မင်ဝူက ဟင်းမချက်တတ်တာပဲ ယွန်းဂျီလေးကတော့ တတ်နိုင်သလောက် အဘွားအားကူညီပေးတော့ မကြာခင်ပဲ ထမင်းဝိုင်းလေးက မြန်မြန်ပြီးသွားသည်။

အဘွားဖြစ်သူက ယွန်းဂျီလေးကို ချစ်မချစ်တော့မသိဘူး အခုဆိုယွန်းဂျီထမင်းပန်းကန်ထဲမှာ ဟင်းတွေချည်းပဲ ထမင်းတောင် မမြင်ရတော့ဘူး။

သုံးယောက်သား စားသောက်ပြီးတော့ အပြင်တွင်လဲ မိုးချုပ်နေပြီမို့ အိပ်ဖို့သာ ဆုံးဖြတ်လိုက်ကြသည်။
မင်ဝူတို့အိမ်က နှစ်ယောက်ထဲနေတာမို့ အဘွားအတွက်တစ်ခန်း မင်ဝူ့အတွက်တစ်ခန်းသာရှိသည်။

အဘွားကတော့လူကြီးဖြစ်တာကြောင့် အခန်းထဲသို့စောစောဝင်သွားပြီး အိပ်နှင့်နေသည်။ မင်ဝူ့အခန်းထဲတွင်တော့
"ဟို.. ဒီအိပ်ယာမှာတူတူအိပ်မှာလား။"

"ဟုတ်တယ်လေအကောင်ပေါက်။ မင်းအဆင်မပြေဘူးလား။ ငါအပြင်မှာသွားအိပ်ပေးရမလား။"
သူများအိမ်လဲလာနေသေးတယ် အိမ်ရှင်ကိုပါ အပြင်ထွက်အိပ်ခိုင်းရမှာလောက် ယွန်းဂျီလဲအားနာမိတာမို့ ချက်ချင်းပဲ

Lee Yoon Gyi (Complete)Where stories live. Discover now