❤ 31 ❤

669 73 2
                                    

Zaw

"လိုရင်းပြောရရင် ခမည်းတော်က ဟောဒီ့ထီးနန်းကို သားတော်ကို ဆက်ခံစေချင်လို့..."

မင်းကြီးရဲ့စကားကြောင့် အဆောင်တော်ထဲတွင်ရှိနေသော လူသုံးယောက်အနက် မင်ဝူက အတော်ပင်လန့်သွားသည်.....
"အိမ်ရှေ့စံ ရှိနှင့်ပြီးကြောင်းပါ ခမည်းတော်..... "

မင်ဝူပြောတာကို မင်းကြီး သတ်ပြင်းတစ်ချက်ချပြီး
"သိပါတယ်...ဒါပင်မဲ့ ဟောဒီ့က သားတော်ကို ခမည်းတော်ဆန္ဒအရ အပ်နှင်းချင်တယ်...."

"စဉ်းစားခွင့်ပြုပါ ခမည်းတော်...... "
မင်ဝူ့အတွက်အခုအရာက တကယ်မယုံနိုင်လောက်အောင် ဖြစ်နေသည်။ မိမိသိတဲ့ အိမ်ရှေ့စံမင်းသားနဲ့ကလဲ ဖအေတူမအေကွဲ ညီအကိုဖြစ်သည်....

နန်းတော်ထဲတွင် မှူးမတ်ဖြစ်ချင်ပင်မဲ့ ဘုရင်အရာကို လှမ်းဖို့ မိမိအတွက်ဖြစ်နိုင်ပါ့မလား......
_____________

"အစ်မ ဆူအာ.....အွန်းနာကူသယ်ပေးမယ်လေ..." ဆိုင်အတွက် ဆူအာ လိုအပ်တာ ထွက်ဝယ်ရင်း ထုံးစံအတိုင်း အွန်းနာလဲ တကောက်ကောက်...

"နင်ဘယ်လိုဖြစ်နေတာလဲ ကိုယ့်ဘာသာအေးဆေးနေပါလား။ နင့်ကြည်ရတာလဲ အားနေသလိုပဲ..." ဆူအာက ယွဲ့စောင်းစောင်းပြောနေပင်မဲ့ အွန်းနာမျက်နှာကတော့ ပြုံးဖြီးဖြီး

"ဟီးးး ဟုတ်တယ် အွန်းနာက အလုပ်လုပ်စရာ မလိုအောင် ချမ်းသာတာလေ မယုံရင် အွန်းနာကို လက်ထပ်ပြီး ထိုင်စားကြည့်ပါလား။" မိမိပြောတာကိုပင်အဖက်မလုပ် စပ်ဖြီးဖြီးလုပ်နေသော အွန်းနာကို အတော်ဒေါသထွက်နေပြီ...

"ဟက်...ငါက...နင့်ကို ကြည့်လဲပြောပါဦး ငါ့မှာလက်ထပ်ရမဲ့ အစ်ကိုမင်ဝူရှိနေပြီးသား မကြာခင်တောင် လက်ထပ်ပွဲ ကျင်းပရတော့မှာ..." ဂုဏ်ယူနေသည့်အလား ပြောနေသော ဆူအာ့ကို အွန်းနာလဲ မရတဲ့အဆုံး လူကြားထဲ ဖက်နမ်းချလိုက်သည်။

"အားးး...နင်..နင် ခုပြန်လာခဲ့စမ်း..." နှုတ်ခမ်းကိုဖက်နမ်းချလိုက်ပြီး အွန်းနာတစ်ယောက် အဝေးကို ပြေးထွက်သွားလိုက်သည်။ ဆူအာမှာတော့ ရှက်ရှက်နဲ့ လှမ်းအော်နေပင်မဲ့ သူ့အား ပြောင်စပ်စပ်လုပ်သွားသေးတာကြောင့် ဒေါသတွေက ငယ်ထိပ်သို့ရောက်နေသည်။
__________________

Lee Yoon Gyi (Complete)On viuen les histories. Descobreix ara