❤ 1 ❤

8.9K 354 6
                                    

Zaw

"လီယွန်းဂျီ!!!!!"
'ဝုန်းးး'

"အွန်းးး ဘာလို့လဲ မိုးတောင်မလင်းသေးတာကို။"

တံခါးအား ဝုန်းဒိုင်းဖွင့်လာတဲ့ ဖအေကြောင့် ယွန်းဂျီတစ်ယောက် မထချင်ဘဲ ထထိုင်လိုက်ရသည်။

"မျက်လုံး...ဖွင့်ကြည့်ဟ လိုက်ကာတွေ ပိတ်ထားပြီးတော့များ။" ပြောလဲပြော ရိုက်နေတာမို့ ယွန်းဂျီလဲ
"အာ..အားး နာတယ်လို့။ ဘယ်ချိန်လဲ။"

ငုတ်တုတ်သာထထိုင်တာ မျက်လုံးကဖြင့် မပွင့်သေးပဲ နှုတ်ခမ်းဆူပြီး ရန်တွေ့နေတာမို့ ဖအေက နှုတ်ခမ်းကို ဖြတ်ရိုက်လိုက်ပြီး
"အေးး နေ့လည်စာစားရတော့မယ်ဟ"

"အာ့..သားမစားသေးဘူး အိပ်ဦးမှာ။"
"အေးး မင်းထမလား ငါရိုက်ရမလား ဟဲ့ကောင်။"

ဟဲဟဲ အဲ့တာတော့ကြောက်တယ်လေ ဘာလို့ဆို ကိုယ့်ဖအေလက်စ ကိုယ်သာသိဆုံး လက်ဆွဲတော်ဒုတ်နဲ့ တစ်ချက်ထိရင်တောင် တစ်ပါတ်လောက်ထိ နာတာလေ။

"အားး ဟီးး ထမယ်..ဟဲ..ခုထမယ်။"
တစ်ကြိုးထဲ ထပြေးသွားသော သားတော်မောင်ကို ဖအေကကြည့်ရင်း ခေါင်းတဆက်ဆက်။

အသက်က၂၀... ဖခင်က နန်းတော်ထဲမှာ တိုင်ပင်ခံအမတ် ဒုတိယအဆင့်။ သားကျတော့ မှူးမတ်စာတန်းစစ်ဝင်ဖြေဖို့ ၁၈နှစ်ထဲက တိုက်တွန်းနေတာ ခုကြည့်အသက်၂၀ရှိပြီ တစ်ခါမှ ​မအောင်ဘူး။

ဆရာတွေလဲစုံနေပြီ။ ကိုယ်တိုင်သင်ကြည့်ပါတယ် ဒီကောင်အချိုးနဲ့ ဒေါသကငယ်ထိပ်သာအမြဲရောက်မို့ ကိုဖြစ်သူ အမြဲလက်လျော့ရတယ်။

ခုလဲ နေ့လယ်ကို ဆရာတစ်ယောက်ဖိတ်ထားတယ်။ သူ့ဒဏ်ကြောင့် ဘယ်ချိန်ထွက်ပြေးမလဲသာကြောက်နေရတာ။

မျက်နှာသစ်ရင်း ကိုယ်လက်ပါ တစ်ခါထဲ သန့်စင်လိုက်ပြီး လူက လန်းသွားတော့တယ်။ ညကသောက်တဲ့အရှိန်ကြောင့် လူက နေ့လည်ထိ အဖေလာနှိုးမှနိုးတော့တာလေ။

"သားလေး...လာ... ထိုင်."
မိခင်ကတော့ ဘယ်လောက် သားဆိုးဆိုး တစ်ခါမှ မငြိုငြင်ရှာဘူး။ အမြဲလဲ ဖခင်ရှေ့က ကာဆီးနေပေးရတယ်။ မဟုတ်ရင် သူ့ဖအေလက်စနဲ့ ဒီကောင်လေး ကြာကြာခံမှာ မဟုတ်ဖူး။

Lee Yoon Gyi (Complete)Where stories live. Discover now