💙 19 💙

621 70 0
                                    

Zaw

မနက်စောစောထကာ 'ငါးပတ်ပွဲ' အတွက် ပြင်ဆင်ရမှာမို့ မင်ဝူတစ်ယောက်စောစောထကာ ပြင်ဆင်ရသည်။ ဝိုင်းကူပြင်ဆင်ပြီးလို့ အားလုံးပြီးကာမှ တဲထဲတွင်အိပ်ကာကျန်နေခဲ့သော ယွန်းဂျီကို နှိုးဖို့လုပ်ရတော့သည်။

မင်ဝူ တဲထဲဝင်လာတော့ မိမိအပေါ်ဝတ်ပေါ်မှာ ကွေးကွေးလေးအိပ်နေသော ယွန်းဂျီကိုမြင်ပြီး ပြုံးမိသွားသည်။ တဖြည်းဖြည်း အနားသွားလိုက်တော့ ဟောက်သံပိစိလေးတောင်ကြားနေရသေးသည်။

"အကောင်ပေါက်.... အကောင်ပေါက်... ထတော့နော်... ခဏနေသွားကြတော့မှာ။"
လှုပ်နှိုးလိုက်တော့ မျက်လုံးလေးတွေကိုပွတ်ကာ လူးလန့်နိုးလာသော ယွန်းဂျီလေးက တကယ်ကို ကလေးတစ်ယောက်သာသာ

"အင့်... ထရတော့မှာလားးးး"
"ဟုတ်တယ် ထရတော့မယ်။ ဒီထက်နောက်ကျလို့မရတော့ဘူး ထတော့.."

ဆွဲထူလိုက်တော့လဲ မျက်လုံးက မပွင့်ချင်ပွင့်ချင်နဲ့ နှုတ်ခမ်းကိုဆူကာ ထိုင်နေသေးသည်။
"ထတော့ မျက်နှာသစ်...သွားမယ်။"

ဒီလို ငူငိုင်နေပုံထောက်ရင် ပွဲကိုမမှီတော့မှန်း မင်ဝူလဲ သဘောပေါက်လိုက်သည်။ မင်ဝူ ချက်ချင်းအပြင်ကိုထွက်သွားသည့်တိုင် ယွန်းဂျီတစ်ယောက် မျက်လုံးမပွင့်သေး။

ရေတစ်ခွက်ယူလာပြီး ယွန်းဂျီရှေ့ကိုထိုင်လိုက်ကာ ငုံနေသော မျက်နှာကိုလက်နဲ့ကိုင်ကာ မော့လိုက်သည်။ ခွက်ထဲကရေနှင့် လက်ကို စိုအောင်နှစ်လိုက်တယ် ပြီးမှ ယွန်းဂျီမျက်နှာအနှံ့သေချာဆေးကြောပေးနေသည်။

မင်ဝူလုပ်သမျှကို ငြိမ်ငြိမ်လေးနေနေပြီး မျက်နှာကို အလိုက်သင့်လေး ရွှေ့ပေးနေသေးသော ယွန်းဂျီလေး။
မျက်လုံးကတော့ မဖွင့်သေးတာ ချွင်းချက်ပေါ့။

ချွန်နေတဲ့ နှုတ်ခမ်းလေးတွေကို မင်ဝူတကယ်ကို မထိရက်ပေ... နူးညံသောပါးလေးတွေ.....မျက်ခွန်လေးတွေ.... စင်းနေသောမျက်တောင်လေးတွေ..... တကယ်ကို ရတနာတစ်ပါးလို ထိကိုင်နေမိသည်။

ဒါကိုတော့ ယွန်းဂျီလေးမပြောနဲ့ မင်ဝူကိုယ်တိုင်တောင် မိမိကိုယ်ကို ခံစားချက်တွေ သိပါ့မလား.......

Lee Yoon Gyi (Complete)Where stories live. Discover now