💟 30 💟

677 70 2
                                    

Zaw

မင်ဝူ့ကို သခင်ကြီးလီက ခေါ်ထားတာကြောင့် မင်ဝူ ယွန်းဂျီအိမ်သို့ ရောက်နေသည်။
"ကြာသွားလာ မင်ဝူ..."
"မဟုတ်ပါဘူး ကျွန်တော်လဲ ရောက်တာ မကြာသေးပါဘူး။"

မင်ဝူ့ကိုသေချာကြည့်ပြီး သခင်ကြီးလီ သတ်ပြင်းချလိုက်သည်။
"ပြောရဖို့လဲ မျက်နှာပူသလိုလိုတော့ရှိတယ်....မပြောလို့လဲ မဖြစ်ဖူးလေ...."

"ရပါတယ် သခင်ကြီးလီပြောပါ..." မင်ဝူဘက်က အဆင်ပြေနေသော်လဲ ပြောမဲ့စကားအား မိမိသာသိသောကြောင့် ဒုတိယအကြိမ် သတ်ပြင်းချမိလိုက်သည်။

"မင်ဝူ့မိဘတွေအကြောင်းကို မင်ဝူသိလား။" မထင်မှတ်ထားသော အမေးကြောင့် မင်ဝူ အံ့သြသွားပြီး
"ဟို..ကျွန်တော်မေမေ့အကြောင်းပဲ သိပါတယ်။ အမှန်တိုင်းပြောရရင် ဖေဖေဘယ်သူလဲဆိုတာ ကျွန်တော်မသိဘူး။"

ညှိုးငယ်သွားသော မျက်နှာလေးကြောင့် သခင်ကြီးလီလဲ စိတ်မကောင်းပေ။
"ပြောရမှာတော့ မျက်နှာပူပင်မဲ့ ပြောသင့်တဲ့အချိန်ရောက်နေပြီမို့ ပြောရတာ..."

ဒီလောက်ထိ စကားကို ဝေ့နေပုံထောက်ရင် အရေးကြီးကိစ္စမှန်း မင်ဝူရိတ်မိသည်။ မိဘတွေကို မေးတာကြောင့်ရော တစ်ခုခုတော့ ထူးခြားနေသည်။
"ဟုတ်ကဲ့ ရပါတယ် ပြောပါ..."

"ဒီလိုပါ မိဘတွေကို မေးရခြင်းကတော့ မင်းမိဘတွေအကြောင်းပြောချင်လို့ပဲ..."
"ဗျာ...မိ...မိဘတွေအကြောင်း"

"ဟုတ်တယ် အရင်ဆုံးစိတ်ကိုငြိမ်ငြိမ်ထားပါ။ ဆက်ပြောပြမှာပါ။ မင်းမိခင်က အလွန်ကိုရိုးသားတဲ့သူတစ်ယောက်ပါ။ သူများတွေအပေါ်လဲ အရမ်းကောင်းပြီး ကူညီတတ်တယ်။ မင်းဖခင်ကတော့..." ပြောရင်းရပ်သွားသော သခင်ကြီးလီကြောင့် မင်ဝူ​လဲအလန့်တကြား

"ပြောပါ...ကျွန်တော့်ကိုဆက်ပြောပြပါ။"
"အင်း မင်းဖခင်က တကယ်ကို လေးစားလောက်တဲ့ ပုဂ္ဂိုလ်..... မင်းမိခင်လိုပဲ လူအများအပေါ်ကောင်းတယ်...."
"ဒါဆိုသခင်ကြီးက မေမေနဲ့ဖေဖေကို သိ..သိနေတာပေါ့။"

မငိုရုံတမယ် အံကိုကျိတ်ရင်းပြောလာသော မင်ဝူကို သခင်ကြီးလီ ပြောမထွက်...
"သိရုံတင် ဘယ်ကမလဲ။ မင်းဖခင်နဲ့ မိခင် ကြိုက်စထဲက အနားမှာရှိနေတာ...."

Lee Yoon Gyi (Complete)Where stories live. Discover now