💙 34 💙

665 66 0
                                    

Zaw

လတွေကုန်ဆုံးတာနဲ့အမျှ ကိုကိုနဲ့အကောင်ပေါက်တို့ ကြားထဲမှာရှိတဲ့ မေတ္တာသယောဇဉ်ကြိုးလေးကလဲ ခိုင်မြဲတာထက်ပိုခိုင်မြဲလာသည်။

ချစ်ရသူနဲ့ အတူတူ ကုန်ဆုံးရသော နေ့ညတွေက အလိုလိုနေရင်း ပြီးပြည့်စုံသည်။ ချစ်ရသူ အနားမှာရှိတာကြောင့် ဘာအခတ်အခဲပဲ ကြုံကြုံ ရဲရဲဝံ့ဝံ့အတူတူ ဖြတ်ကျော်လာခဲ့သည်။

ဒီနေ့ဟာဆိုရင် စာမေးပွဲပြီးလို့ ကျောင်းသားတွေ ကိုယ်ဆီ အိမ်ပြန်လာခဲ့ကြသည်။ မင်ဝူကတော့နောက်ဆုံးနှစ်စာမေးပွဲ ပြီးသွားပြီမို့ အောင်စာရင်းသာထွက်ပြီး အောင်ခဲ့ရင် မင်ဝူက အမတ်လောင်းဖြစ်တော့မည်။
ယွန်းဂျီလေးကတော့ နောက်နှစ်ဆက်တက်ရဦးမှာ။

ယွန်းဂျီတို့မိဘတွေကလဲ နှစ်ယောက်လုံးအပေါ် နားလည်မှုရှိတာကြောင့် ခုဆိုရင် ယွန်းဂျီတို့ချစ်သူနှစ်ဦးက အေးအေးလူလူပင်။

"ကိုကို...အဝတ်အစားထုတ်တွေကို အိမ်အရင်ပြန်ထားပြီး မုန့်သွားစားရအောင်...."
"အကောင်ပေါက် ဗိုက်ဆာနေပြီလား...."

"အရမ်းတော့မဟုတ်ပါဘူး.... ဘာကိစ္စရှိလို့လဲ...."
"အင်း ရှိတယ် သခင်ကြီးလီတို့ကို ခွင့်တောင်းပြီးပြီ တစ်ခါထဲရွာသွားကြမလို့..." မထင်မှတ်ထားသော မင်ဝူ့စကားကြောင့် ယွန်းဂျီပျော်သွားပြီး

"ဟုတ်လား.... ဝါးးးး ပျော်လိုက်တာ..... အဘွားနဲ့လဲ မတွေ့ရတာကြာပြီ...."
"ဟားးး ပျော်နေတယ်ပေါ့....ခုတော့ တစ်ခုခုစားပြီးမှ သွားရအောင်နော်...."

"ဟုတ် ကိုကို...."
"လိမ္မာလိုက်တဲ့ ကိုကို့အကောင်ပေါက်လေး မွ...." ပါးလေးတစ်ဖက်ကို မွှေးကြူလိုက်တော့ မျက်စောင်းလှလှလေး လက်ဆောင်ပြန်ရသွားသေးပြန်သော မင်ဝူ။

ဒီလိုလေးတွေချစ်နေလို့ မင်ဝူလဲ မထင်ရင်မထင်သလို နမ်းတတ်သည်။ အဲ့လိုနမ်းတိုင်းလဲ မျက်စောင်းလေးက အမြဲခဲခံနေရသည်။ အဲ့လိုလေးကိုမှ မင်ဝူက ချစ်နေရတာဆိုတော့ ဘယ်တော့မှမရိုးဘဲ အမြန်စနောက်တတ်သည်။
____________

"ကို....လို့......"
"ပြောပါဗျာ......" ယောင်ဟိုက အရင်ကထက် ဒုန်ဂျူးကို ချွဲတတ် စနောက်တတ်လာတာမို့ ဒုန်ဂျူးလဲ အချစ်ပိုနေရသေးသည်။

Lee Yoon Gyi (Complete)Where stories live. Discover now