Zaw
ငုတ်တုတ်ထိုင်နေကာ မျက်လုံးကိုစုံမှိုတ်ပြီး ရေခွက်အလာကို နှုတ်ခမ်းတစ်ခုကသာ စောင့်နေသည်။ ထိုအဖြစ်ကိုမြင်တော့ ယွန်းဂျီလဲ ရယ်ချင်သွားသည်။
"ရော့... ကိုယ့်ဘာသာတော့ကိုင်သောက်။"
"ဟင့်အင်းး တိုက်လို့......""ခွီးး ကိုယ့်..ဘာသာသောက်လို့ရော့။" ခြေထောက်နှစ်ဖက်ကိုလဲဆင်းထားပြီး ကလေးများလိုချင်တာမရရင် ဂျီကျနေသော ပုံစံပမာ ခြေနှစ်ဖက်ကို ပွတ်တိုက်နေသည်။
နောက်တော့ ယွန်းဂျီလဲ ရယ်ရင်းနဲ့ ရေခွက်ကို မင်ဝူ့ပါးစပ်နားတေ့ပြီး ကိုယ်တိုင်တိုက်လိုက်ရသည်။
"ဟာ....." ရေတိုက်နေရင်း မင်ဝူ့လက်က ရေခွက်ကိုတိုက်မိသွားတာကြောင့် ယွန်းဂျီကော မင်ဝူ့ကော နှစ်ယောက်လုံး အင်္ကျီတွေစိုကုန်သွားသည်။
ယွန်းဂျီလဲ ရေစိုနေသည့်မိမိအဝတ်ကို မြန်မြန်ခါနေရင်း
ဖမ်းဆွဲချုပ်ခံလိုက်ရသော လက်နှစ်ဖက်လုံးးး
"အ့.."ရုတ်တရက်မို့လန့်သွားပြီး ကြောင်အမ်းအမ်းနဲ့သာ ငေးကြည့်နေမိသည်။
'ဒုတ်ဒုတ်...ဒုတ်ဒုတ်.... ဒုတ်ဒုတ်.... 'အပြင်သို့ အသံကြားလုမတတ်ခုန်နေသော ရင်ဖက်ကြောင့် ယွန်းဂျီအမှန်ပင်လန့်သွားသည်။
"အင့်...."ရုတ်တရက်ဆန်သောအပြုအမူနောက်တစ်ခု.....
မင်ဝူကယွန်းဂျီလက်နှစ်ဖက်ကို ချုပ်ထားရင်း နောက်တစ်ဖက်ကလဲ ခေါင်းကိုထိန်းကိုင်ကာ ယွန်းဂျီကို မိမိအောက်သို့ ပက်လက်အနေအထား ထားလိုက်သည်။အခန်းထဲရှိ မီးအိမ်လေး၏ အလင်းရောင်သာရှိသော ထိုအခန်းလေးထဲတွင်........
ခဏတာအချိန်များ ရပ်တန့်သွားသလိုလို.....
မူးဝေဝေမျက်လုံးများနှင့်ကြည့်နေသောမင်ဝူ......
ကြောင်အမ်းအမ်းဖြစ်နေသော ယွန်းဂျီ......
အသက်ရှုတွေတောင်မမှန်သလိုလို......တဖြည်းဖြည်းနီးကပ်လာသော မင်ဝူ့မျက်နှာကြောင့် မျက်လုံးတွေကို အသားကုန်စုံမှိုတ်ထားမိသည်။
ခဏအကြာ စိုစွတ်စွတ်ထိတွေ့ခံလိုက်ရသော နှုတ်ခမ်းသားများ....လန့်ဖြန့်ပြီး လက်သီးစုပ်သေးသေးလေးတွေနဲ့ မင်ဝူ့ရဲ့ရင်ဖက်မှရေစိုနေသော အင်္ကျီများကိုထုရိုက်နေမိသည်။
ယွန်းဂျီပါးနှစ်ဖက်မှာ မင်ဝူ့လက်ထဲတွင်နစ်ဝင်နေပြီး ဆူထွက်နေသော နှုတ်ခမ်းသားများကို အနူးအညံဆုံးထိတွေ့နေသည်။
YOU ARE READING
Lee Yoon Gyi (Complete)
RomanceZaw Lee Yoon Gyi Korea ရှေးခေတ် ပုံစံလေးပါ Start Date-14.11.2020 Khine lay Uni Lee Yoon Gyi Korea ရှေးခေတ် ပုံစံလေးပါ Start Date-14.11.2020 Khine Lay