💛 17 💛

658 73 0
                                    

Zaw

"အစ်ကိုမင်ဝူတို့များ ရောက်တာတောင်မသိရဘူးနော် အဘွားပြောမှသိရတယ်။"
နိုးနိုးချင်းအခန်းအပြင်ကိုထွက်လိုက်တော့ ဆူအာရဲ့အသံကိုမင်ဝူ ဦးစွာကြားလိုက်ရသည်။

"မဟုတ်ရပါဘူးကွာ မနေ့ကရောက်တာလဲ နောက်ကျတာကြောင့် မနက်ကျမှပဲ လာမယ်လို့ဆုံးဖြတ်ထားလိုက်လို့ပါ။"
"ထားပါတော့...မနက်က ကြားကြားချင်းအစ်ကိုမင်ဝူအတွက် ဆန်ပြုတ်လေးလုပ်လာပေးတာ စားလိုက်နော် မအေးခင်။"

အငွေ့တထောင်းထောင်းနဲ့ ဆန်ပြုတ်ပန်းကန်လေးအား မင်ဝူထိုင်တဲ့ရှေ့တိုးပေးပြီး ဆူအာကဆိုလိုက်သည်။ သို့သော်အတွေးထဲသတိရသွားသူကတော့

"အာ... အဘွားအကောင်ပေါက်ကော..." မင်ဝူ့ရဲ့အခေါ်အဝေါ်ကို ဆူအာကနားမလည်သလိုကြည့်နေပင်မဲ့ မနေ့ထဲကသိသောအဘွားကတော့
"အေးး ယွန်းဂျီလေးက စောစောနိုးတယ်။ ခုတော့ ရှေ့ကွင်းထဲကလေးတွေနဲ့ ရှိတယ်။"

"သူကော စားပြီးပြီလား။"
"မစားရသေးဘူး မြေးလေးနိုးမှ အတူတူစားမယ်တဲ့ အဘွားသွားခေါ်လိုက်ဦးမယ်နော်။"
"နေနေအဘွား ကျွန်တော်သွားခေါ်လိုက်မယ်။"

"မခေါ်နဲ့ နေနေ။ အဘွားလဲ သွားစရာရှိလို့ သွားရင်းခေါ်လိုက်မယ်။"
အဘွားထသွားတော့မှ ဆူအာလဲ
"ယွန်းဂျီဆိုတာ ဟိုတစ်ခါတွေ့တဲ့ကောင်လေးလား။"

"ဟုတ်တယ် ဆူအာ။ သူ့ကိုခုအစ်ကိုက စာသင်နေရတာ အဲ့တာကြောင့် ရွာပြန်တုန်း သူလဲပျင်းနေမှာဆိုးလို့ခေါ်လာလိုက်တာ။ ငါးပတ်ပွဲလဲ သူကြည့်ရအောင်လို့။"

မင်ဝူ့အပြောကို မျက်ခုံးနှစ်ဖက်ထိစရာလုနီးပါးကြည့်နေသော ဆူအာကို မင်ဝူသဘောပေါက်သလိုလိုတော့ရှိသည်။

"ကိုကိုရေ...." အိမ်ရှေ့ကနေအော်ပြီးတတ်လာသော ယွန်းဂျီကြောင့် နှစ်ယောက်သားပြောလက်စ စကားများပြတ်သွားပြီး အသံလာရာ ယွန်းဂျီကိုကြည့်လိုက်တော့..

"ဘယ်တွေလျှောက်သွားနေတာလဲအကောင်ပေါက်...
သူများနယ်နော် တစ်ယောက်ထဲလျှောက်မသွားနဲ့နောက်ဆို... ကဲ... မျက်နှာသစ်ပြီးပြီလား"

မင်ဝူ့အမေးကိုယွန်းဂျီက ခေါင်းတွင်တွင်ခါပြကာ ရှိသမျှသွားလေးတွေကို ဖြီးပြတော့
"အဲ့တာဆိုလာ... ငါလဲမသစ်ရသေးဘူး။"

Lee Yoon Gyi (Complete)Donde viven las historias. Descúbrelo ahora