❣ 22 ❣

621 63 0
                                    

Zaw

"သတ်တော်စောင့်ဂျန်... မင်းသားလေးကို ဂရုစိုက်ပေးပါနော်..... ကျွန်တော်မင်းသားလေးကို သတ်တော်စောင့်ဂျန် နဲ့ဆို စိတ်ချတယ်။ မင်းသားလေးရင်ထဲက မိဘနဲ့ပတ်သက်ပြီး ခံစားနေရတာတွေကို သတ်တော်စောင့်ဂျန်လဲ ရိတ်မိလောက်မယ်ထင်တယ်။"

"စိတ်ချပါ အထိန်းတော်ကြီး ကျွန်တော်မျိုး မင်းသားလေးကို ဂရုစိုက်ပါ့မယ်...."
"ကျေးဇူးတင်ပါတယ် ကွယ်.... ကဲ...သွားနားတော့...."

အထိန်းတော်ကြီးအား အရိုအသေပေးကာ ဒုန်ဂျူးလဲ မိမိနန်းဆောင်သို့ ပြန်လာလိုက်သည်။ ကျန်နေခဲ့သော အထိန်းတော်ကြီးရဲ့ စိတ်ထဲမှာတော့

*မင်းသားလေးရင်ထဲမှာ သတ်တော်စောင့်ဂျန် ရှိနေတာ ငါရိတ်မိတယ်.... ယောက်ျားလေးအချင်းချင်းဆိုပင်မဲ့ မင်းသားလေးပျော်ရင် ငါကျေနပ်ပြီ... ဒီကိစ္စကို မင်းကြီးမသိပါစေနှင့်လို့သာ ငါဆုတောင်းပေးရုံကလွဲပြီးမတတ်နိုင်ဘူး....

ခွင့်လွှတ်ပါမင်းသား မကူညီနိုင်လို့..... သတ်တော်စောင့်ဂျန် နဲ့လဲ အဆင်ပြေပြေနေနိုင်ပါစေ......*
__________________
"မေမေ......."
"ယွန်းဂျီလေးးးးးး" သားအမိနှစ်ယောက် ပွေ့ဖက်လိုက်ကာ အချင်းချင်း နမ်းနေကြတော့ ဖခင်ဖြစ်သူက
"အေးး နင်တို့နှစ်ယောက်ထဲလွမ်းနေ...."

သခင်ကြီးလီ၏ ရွဲ့စောင်းစောင်းအပြောကြောင့်သားအမိနှစ်ယောက်လုံးရယ်မိလိုက်ကြပြီး အမတ်ကြီးလီကိုပြေးဖက်လိုက်တော့
"ခုမှလွမ်းသလိုလိုလုပ်မနေနဲ့.... ဘယ်လိုလဲ သူများကို ဒုက္ခပေးရတာ အဆင်ပြေရဲ့လား။"

"ဖေဖေကလဲ... သားကလိမ္မာပါတယ် နော်...ကိုကို" မင်ဝူ့ဘက်ကိုမေးဆက်ပြကာ အကူအညီတောင်းတော့
"ယွန်းဂျီကလိမ္မာပါတယ်....ကျွန်တော်ကသာ...."

"မေမေရေ...ဗိုက်ဆာတယ်...." မင်ဝူပြောမဲ့ကိစ္စကို ယွန်းဂျီသဘောပေါက်သွားပြီး အမြန်စကားဖြတ်လိုက်သည်။

*ဒီလောက်မှာထားတာတောင် ကိုကိုကလေ ပြောဖို့လုပ်နေသေးတယ်။* ​​ခြေထောက်အနာပျောက်မှတောင် ယွန်းဂျီတို့ပြန်လာခဲ့ခြင်းဖြစ်သည်။ ဒီကိစ္စက ကိုကို့အပြစ်မှမဟုတ်တာ။

Lee Yoon Gyi (Complete)Där berättelser lever. Upptäck nu