Zaw
"တစ်ခါတစ်လေလေးပဲကို ခွင့်ပြုပေးပါနော်...နော်..."
ရှိသမျှစိတ်တွေအား ယွန်းဂျီတစ်ယောက်ဆွဲဆန့်ရင်း မင်ဝူ့ဆီက ခွင့်တောင်းးနေရသည်။ ခုအခြေအနေက ဘာကိစ္စပဲလုပ်လုပ် မင်ဝူက ယွန်းဂျီ၏ အုပ်ထိန်းသူနေရာမှာ ရှိနေတာလေ။မရှိလို့လဲမရဘူး ဖခင်၏ တချက်လွှတ်အမိန့်ပဲလေ။ 'ခုချိန်ကစပြီး မင်းဘာကိစ္စလုပ်လုပ် မင်ဝူ့ဆီကိုခွင့်တောင်းရမည်။ သူခွင့်မပြုလျှင် ဘယ်အရာမှ လုပ်ခွင့်မရှိ' ဆိုတဲ့ ဖခင်၏ အမိန့်ကြီးက ယွန်းဂျီတစ်ယောက် အကြပ်ရိုက်စေသည်။
ခုလဲ 'ညနေကျရင် သူငယ်ချင်း၂ယောက်နဲ့ သေရည်လေးသွားသောက်ပါရစေ' ဟူသောခွင့်တောင်းနေတာ လက်မခံပေ။
"အကောင်ပေါက် မင်းအဲ့သေရည်တွေ အရမ်းသောက်တယ်လို့ အမတ်ကြီးလီပြောပြလို့ သိထားတယ်။ အဲ့လောက်သောက်စရာလား။ ခွင့်မပြုပေးနိုင်ဘူး။ "
"အရင်တုန်းကတော့ နေ့တိုင်းလိုလိုသောက်တဲ့ဟာကို.. ခုကျတော့ နေ့တိုင်းမသိဘူးလေ တစ်ခါတစ်လေလေးပဲကို။" ရှိသမျှနှုတ်ခမ်းအားဆူပြီး ပြောသော်လဲမရ
"မနေ့က ငါကျက်ခိုင်းတာတွေဆိုပြနိုင်ရင် လွှတ်ပေးမယ်။"
ဒါကတော့လွန်သွားပြီမဟုတ်လား။ လူက စာက မရပါဘူးဆိုမှ"အဲ့လိုတော့မလုပ်နဲ့လေ။ မနေ့ကမှ သင်ထားတာကိုဘယ်လိုလုပ်ရအုန်းမှာလဲ။"
"အဲ့တာဆိုမသွားနဲ့ပေါ့။"ဘယ်လိုပြောပြောလွှတ်မဲ့ပုံမပေါ်တော့သောကြောင့် ယွန်းဂျီလဲ စိတ်ပေါက်ပေါက်နဲ့ မိမိအခန်းထဲသာ ခြေစောင့်ပြီး ဝင်သွားသည်။ နှုတ်ခမ်းကလဲဆူပြီး ဘာတွေတွတ်ထိုးနေလဲမသိ။
အကောင်ပေါက်အား ကြည့်ပြီး ရယ်ချင်စိတ်ကိုမနည်းထိန်းရသည်။ သူ့အကြောင်းကိုလဲ အမတ်ကြီးလီအကုန်ပြောပြထားလို့ တော်တော်များများလဲ သိပြီးပြီ။ ခုလိုလက်လျော့သွားမဲ့အထိ ဒီအကောင်ပေါက်မပါတာ ကြိုမှန်းပြီးသားကိစ္စပင်။
______________________"အခြေအနေကကော။"
"ဟုတ်ကဲ့ပါမင်းကြီး။ အားလုံးလိုလေသေးမရှိအောင် ပြင်ဆင်ပေးထားပါတယ်။"
YOU ARE READING
Lee Yoon Gyi (Complete)
RomanceZaw Lee Yoon Gyi Korea ရှေးခေတ် ပုံစံလေးပါ Start Date-14.11.2020 Khine lay Uni Lee Yoon Gyi Korea ရှေးခေတ် ပုံစံလေးပါ Start Date-14.11.2020 Khine Lay