💞 24 💞

622 68 0
                                    

Zaw

မင်ဝူ့ခါးပေါ်သို့ရောက်လာသော လက်တစ်စုံ....
"ဆူအာ...ဒါဘာလုပ်တာလဲ... လူတွေမြင်ရင် တစ်မျိုးထင်မယ်... မင်းအတွက်လဲမကောင်းဘူး..."

"ခဏလေးးး မြင်လဲဘာဖြစ်လဲ... ဆူအာနဲ့အစ်ကိုမင်ဝူက မကြာခင်လက်ထပ်တော့မှာပဲ...."
"အဲ့ကိစ္စက အစ်ကိုလက်ခံဖို့ စဉ်းစားရဦးမယ်လေ... ဖယ်ပါ..."

မင်ဝူရုန်းသော်လဲ ပြန်လည်ကာ တင်းအောင်ဖတ်ထားသော ဆူအာကြောင့် မင်ဝူအခတ်တွေ့သွားသည်။ မိန်းကလေးဆိုတော့လဲ အားမသုံးချင်တာပါတာပေါ့။

"အစ်ကိုမင်ဝူ့မှာ ချစ်ရမဲ့သူရှိနေတာလား..."
"မရှိပါဘူး... အစ်ကိုက ဖြစ်ချင်တဲ့ပန်းတိုင်ကို အရင်လှမ်းချင်သေးလို့ပါ။"

"အစ်ကိုမင်ဝူဖြစ်ချင်တာကို ဆူအာကပိတ်ပင်မှာမှမဟုတ်တာ။ ဆူအာနဲ့လက်ထပ်ပြီးလဲ ဆက်လုပ်လို့ရတာပဲ...."
"ဆူအာ ဒီကိစ္စတွေ အစ်ကိုတို့နောက်မှပြောကြရအောင်...."

မလွှဲသာတဲ့အဆုံး လက်ကိုဖြုတ်ကာ မင်ဝူအထဲဝင်ဖို့လုပ်တော့ ဆူအာ့စကားတစ်ခွန်းကြောင့် ခြေလှမ်းတို့ရပ်တန့်သွားသည်။
"အစ်ကိုမင်ဝူက ဟိုယွန်းဂျီဆိုတဲ့တစ်ယောက်ကို သဘောကျနေတာတော့မဟုတ်ပါဘူးနော်။"

မင်ဝူလဲချက်ချင်းပြန်လှည့်လိုက်ပြီး
"အစ်ကိုက သူ့ကိုသဘောကျရအောင် သူကမိန်းကလေးမှမဟုတ်တာ... ပြီးတော့ အချင်းချင်းအစ်ကိုသဘောမကျတတ်ဘူး...."

မင်ဝူ့ရဲ့စကားက ဆူအာ့အတွက်တော့ အောင်နိုင်သူဖြစ်ပင်မဲ့ အိမ်ထဲကနေကွယ်ချောင်းနေတဲ့ ယွန်းဂျီလေးအတွက်ကတော့ နှလုံးသားတည့်တည့်ကို ထက်လှသည့် ဓားတစ်ချောင်းနဲ့ ထိုးစိုက်လိုက်သလို.....

"သူကသဘောကျနေမယ်ဆိုရင်ရော...."
အကွယ်ကနေကြည့်နေသောယွန်းဂျီကို စောင်းချိတ်ချိတ်ကြည့်ရင်း ဆူအာပြောလိုက်တော့

"မဖြစ်နိုင်ဘူး... ဖြစ်လာခဲ့ရင်လဲ...." တိတ်ဆိတ်သွားသော မင်ဝူ့ကိုဆူအာကြည့်ရင်း
"ပြောလေ.. "
"တော်ပြီ ဆူအာပြန်တော့ အရမ်းမိုးမချုပ်ခင်...."

စကားစကိုဖြတ်ကာ မင်ဝူလဲအိမ်ထဲသို့ဝင်လာလိုက်သည်.....
ဆူအာကတော့ အောင်နိုင်သူလိုပြုံးနေသည်.....

Lee Yoon Gyi (Complete)Where stories live. Discover now