Real life 7

8.4K 1.1K 66
                                    

[Zawgyi]
🐼🐼🐼🐼🐼🐼
🎋🎋🎋🎋🎋🎋

"အန်တီစဲ့လန်. အဲ့တာဆို သမီးတို့ ပြန်တော့မယ်နော်.."
ဖုန်းဟွား .အန်တီစဲ့လန်တို့ဆီမှာ ခရစ်စမတ်မုန့်တွေ စားသောက်ပြီးတာနဲ့..ပြန်ဖို့ နှုတ်ဆက်လိုက်သည်..

"အေးပါ..နောက်လည်း လာလည်ပါဦး ဖုန်းဟွားရယ်..အန်တီနဲ့ shopping ထွက်ရအောင်.."

"စိတ်ချ..သမီး လာခဲ့မယ်..ဟီးး"

"ဒီက မင်းယွမ်လေးလည်း လာလည်နော်.."
စဲ့လန်..ဖုန်းဟွားကိုယ်နဲ့ ကွယ်နေတဲ့မင်းယွမ်ကို လှမ်းပြောလိုက်သည်..အဲ့ကလေးက ဘာတွေစိတ်ကူးပေါက်နေလဲမသိပါဘူး. မကြီးမငယ်နဲ့ ကလေးတွေရဲ့နောက္မှာ ပုန်းနေရတယ်လို့..

မင်းယွမ်..ဖုန်းဟွား နောက်ကနေ ခေါင်းလေးထုတ်ပြလိုက်ရင်း..
"ဟုတ်ကဲ့..ကျွန်တော် အားရင် လာလည်ပါမယ်.."

"ကောင်းပါပြီကွယ်..အဲ့တာဆို ပြန်ကြတော့လေ..အန်တီ ဒရိုက်ဘာ ပြင်ပေးထားတယ်.."

"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ် အန်တီ.."

"ကျေးဇူးပါ အန်တီစဲ့လန်.."

"အေး..အေး..ဖုန်းဟွားလေး..နောက်ရက်ကျ အန်တီ ဖုန်းဆက်လိုက္မယ်နော်.."

"ဟုတ်ကဲ့ အန်တီစဲ့လန်.."
ဖုန်းဟွား..အကိုရှန်ဟွေကို ခေါင်းငုံ့နှုတ်ဆက်ပြီး နောက်ကနေ ကွယ်နေတဲ့ ကိုကို့လက်ကို ဆွဲကိုင်ကာ ခေါ်လာခဲ့သည်..

တိတိ နဲ့ လုလုကတော့ သူ့အဖေရဲ့ ဘေးအင်္ကျီစကို ကိုင်ပြီး လိုက်လာလေရဲ့..

"ကောင်းကောင်းသွားနော် အသေးလေး.."
ရှန်ဟွေ့..ပြောလိုက်တော့ ခလုတ်တိုက်သွားတဲ့အသေးလေး..သူ မနေနိုင်ဘဲ ပြုံးလိုက္မိတော့ သူ့ဆီ ပေါက်စ၂ကောင်ရဲ့ မျက်စောင်းက ဒိုင်းခနဲ ရောက်လာလေသည်..တကယ်ပါပဲ...အဖေချစ်သား၂ယောက်ပဲ..

မင်းယွမ်..ဖုန်းဟွားလက်ကို ဆွဲရင်း ကားပေါ် မြန်မြန်တက်လိုက်သည်..မဟုတ်ရင် ဟိုလူကြီးဆီက ဘာစကားတွေ ထွက်လာဦးမယ်မှန်းမသိဘူး..

ကားထဲရောက်ပြီး..ဘီးစလှိမ့်တော့မှပဲ မင်းယွမ် သက်ပြင်းချလိုက်ရသည်..စိတ်ထဲမှာလည်း တစ်ပြိုင်တည်း ဆုံးဖြတ်လိုက်တယ်..နောက် ဒီလူကြီးနဲ့ မတွေ့အောင် ရှောင်တော့မယ်လို့..

စောက်ချော system(Completed)Where stories live. Discover now