Arc6(6.8)

10.3K 1.5K 61
                                    

[Zawgyi]

ĨT Café

"အဲ့တော့ ရှိုင်းက ရှင်းညီမလေးပေါ့..မထူးဆန်းတော့ပါဘူး..၂ယောက်သားက ဆံပင်ရောင်ပါ တူနေတာကိုးး"

ရှိုင်း ကော်ဖီတစ်ငုံလောက်သောက်လိုက်ရင်း..
"ဟုတ်တယ်..ရှိုင်းတောင် ဟိုးနေ့ကမှ အကို့ရဲ့ အင်တာဗျူးတွေ့ပြီးမှ မှတ်မိတာ..အခုတော့ ဒီကိတ်ဆိုင်မှာ လာဆုံနေတယ်.."

"အင်း..အကိုလည်း ရှင်းအတွက် မွေးနေ့လုပ်ပေးမလို့လေ..သူက ချောကလက်ကိတ် အရမ်းကြိုက်တာ.."

"ဟုတ်တယ်..ဟီးး "

စကိုင်းစ် ဖြူ စင်စွာ ပြုံးပြနေတဲ့ရှိုင်းကိုကြည့်ပြီး အဲ့အပြုံးထဲ နစ်မြောသွားသည်..လွန်ခဲ့တဲ့မိနစ်၂၀က ရှင်းအတွက် ကိတ်လာဝယ်ရင်း ငွေမျှင်ရောင်ဆံနွယ်လေးတွေနဲ့ ရှိုင်းကို တွေ့ခဲ့တာ..သူ ချက်ချင်းမှတ်မိလိုက်တယ်..အဲ့ကောင်မလေးက သူရှာနေတဲ့ ချစ်ရသူလေးဆိုတာပဲ..

ရှိုင်း သူမကို ငေးကြည့်နေတဲ့အကိုကြောင့် မျက်နှာတွေရဲတက်လာသည်..ခါတိုင်းဆို ယောက်ျားလေးတွေ တွေ့တိုင်း နောက်ယောက်ျားလေးနဲ့ တွဲပေးလိုက်တာချည်းပဲ..အကိုစကိုင်းစ်ကျ ရင်တွေခုန်နေတယ်..

"ဟိုလေ..."
"ဟိုလေ..."

တစ်ချိန်တည်းပြောမိလိုက်တဲ့အသံကြောင့် ရှိုင်းတို့ အကြည့်ချင်းဆုံသွားကာ ရယ်မောလိုက်မိသည်..
"အကို အရင်ပြောပါ.."

စကိုင်းစ် ရှက်ရှက်နဲ့ ခေါင်းလေးကုတ်ကာ..
"ဟို..ရှိုင်း ph.noလေး ပေးပါလားလို့..ပြီးတော့ wechat add လို့ရမလား.."

ရှိုင်း အကို့ရဲ့ ရှက်နေတဲ့ပုံစံကြောင့် အူယားသွားသည်..
"ရတာပေါ့..ရှိုင်းလည်း အဲ့တာပြောမလို့.."

နောက် ရှိုင်းတို့၂ယောက် ph.noချင်း လဲကာ wechat add လိုက်တယ်..

"အဲ့တာဆို နောက်မှတွေ့မယ်လေ..အကို ဟိုတယ်ပြန်လိုက်ဦးမယ်.."

"ကောင်းပါပြီ..ဒါနဲ့ ကိုကို့မွေးနေ့လေ ရှိုင်းတို့အိမ် လိုက်ခဲ့ပါလား.."

"ရပါတယ်..တော်ပါပြီ..အကို နောက်နေ့မှ လာလည်မယ်လေ..အခုက ရှင်းကို ပြောပြီးသားဖြစ်နေလို့.."

စောက်ချော system(Completed)Where stories live. Discover now