[Zawgyi]
နေထရယ်..သူ့ရင်ခွင်ထဲပွေ့ထားတဲ့အသေးလေးကို ဂရုတစိုက် ဖက်ထားလိုက်သည်..တော်သေးတာပေါ့ သူရောက်လာတာ ကွက်တိမလို့..မဟုတ်ရင်..အသေးလေးအလောင်းကိုပဲ သူတွေ့ရတော့မှာ.သူသာ ၁စက္ကန့်လောက်နောက်ကျသွားရင်ဆိုတဲ့အတွေးကြောင့်.သူ့စိတ်ထဲ အကြောက်တရားတွေဝင်လာကာရင်ခွင်ထဲက..အသေးလေးကိုတင်းနေအောင်ဖက်ထားလိုက်တယ်..ပြီးတာနဲ့..ဓားကိုင်ထားတဲ့ကောင်ကို သတ်ဖြတ်ချင်စိတ်နဲ့..စိုက်ကြည့်လိုက်သည်..
အားမီးဂျွန်..နေထရယ့်အကြည့်တွေကြောင့်..ကြောက်လန့်တကြားဓားကိုလွှတ်ချလိုက်ကာ.အမြန်ရှင်းပြလိုက်သည်..သေချာတာပေါ့..လက်နက်၁စုံဖြစ်တဲ့ မျက်ရည်ကျဖို့လဲမမေ့ဘူးပေါ့..
"ဟင့်..အကိုနေထရယ်..ကျွန်တော်တမင်လုပ်တာမဟုတ်ပါဘူး..သူက ကျွန်တော့်ကိုလာစွပ်စွဲလို့..မနေ့ ကသူပြောတဲ့စကားကိုပြန်တွေးမိပြီး ဒေါသထွက်သွားလို့ပါ..ဟင့်..မနေ့က သူက ကျွန်တာ့်ကို မားချတ်ရဲ့လိင်ကျွန်လုပ်မလားလို့ပြောသွားတယ်..ဟင့်.. ကျွန်တော် တမင်လုပ်တာမဟုတ်ပါဘူး..ကျွန်တော့်ကိုယုံပါနော်..ဟင့်..ဟင့်.."
သူ..မျက်ရည်ကျပြနေရင်းနဲ့..နေထရယ်ကို ခိုးကြည့်လိုက်သည်..သူမှသူ ဖြစ်နေတဲ့နေထရယ်က သူ့ကိုရွံရှာတဲ့အကြည့်နဲ့ကြည့်နေပြီး..သူပြောတာကို နားထောင်နေပုံမပေါ်..သူ့အကြည့်အလုံးစုံက သူ့ရင်ခွင်ထဲကလူကို ချစ်မြတ်နိုးစွာကြည့်လို့နေသည်..
*ဘာလို့လဲ..ဘာလို့ငါ့ကိုမကြည့်တာလဲ..မင်းကြောင့် အဲ့တာမင်းကြောင့်ပဲ ဘားနတ်ဂျူးလီးယက်..ငါ့အပိုင်ကို မင်းခိုးသွားတာ*
သူ..ဘားနတ်ကိုမုန်းတီးစွာ ကြည့်လိုက်သည်..
သူ့ကို မယုံသလို ဝိုင်းပြီးလက်ညှိုးထိုးနေကြတဲ့သူတွေကြောင့်..ယောက်ယက်ခတ်နေစဉ်..သူတို့ဆီလျောက်လာတဲ့စီဆာကို မြင်လိုက်တာကြောင့်..အမြန်ပြေးသွားကာ..ဖက်လိုက်သည်.."စီဆာ..ကျွန်တော့်ကို နေထရယ်က စွပ်စွဲနေတယ်.. သတ်လည်းသတ်ချင်နေတယ်..ပြောပေးပါဦး..ကျွန်တော်က မီးကပ်စ်လေ..အကိုနဲ့ငယ်ငယ်တည်းက ရေကန်ဘေးမှာ အတူဆော့ခဲ့တဲ့မီးကပ်စ်လေ..ဟင့်.. ကျွန်တော့်ကို ဘယ်သူမှမယုံကြဘူး..ဟင့်.."

YOU ARE READING
စောက်ချော system(Completed)
Fantasyကလေးကို ချစ်ခဲ့မိလို့ ကိုယ့်ဝိညာဉ်ပျောက်ဆုံးသွားရင်တောင် ကိုယ် နောင်တမရဘူး ကလေးအတွက်ဆိုရင် ကိုယ်ဘာမဆို စွန့်စားရဲတယ် ကိုယ့်ကို အတ္တကြီးတယ်ပဲဆိုဆို ကလေးဘဝကို ကိုယ်ပဲ ပိုင်တယ် ကိုယ့်ဘဝကလည်း ကလေးလက်ထဲမှာပဲ (ဖုန်းရှဲ့) ဘာလဲကွာ ငါ့လို သောက်ချောကြီးက ခု...