Arc5(5.4)

13.1K 1.7K 144
                                    

[Zawgyi]

ဟွားရွှယ်..စံအိမ်ရောက်တာနဲ့..ရှိသမျှပစ္စည်းတွေ အကုန်ခွဲကာ သောင်းကျန်းပစ်လိုက်တယ်..
"အား...ဒုန်း!!...ရာရာစစ...ရာရာစစ မင်းက ငါ့လူကို ထိရဲတယ်ပေါ့..လင်းဝမ်..ငါ မင်းကို တစ်သက်မကျေဘူး..အား...ခလွမ်း!!"

ချန်ဟေး..စိတ်လွတ်နေတဲ့ဝမ်ဟွားရွှယ်ကို ဒီတိုင်းလွှတ်ထားကာ ဘေးကနေ ရပ်ကြည့်နေလိုက်သည်..ဘာလို့သွားဆွဲရမှာလဲ..သူ့အသေးလေးကို ဆဲဆိုနေတဲ့ဟာကို..အခုချိန် သူ့ရှေ့မှာ ကြိုးဆွဲချနေရင်တောင် စိတ်မဝင်စားဘူး..

ဝမ်သခင်ကြီး..သူ့သားဖြစ်သူကို မတားဘဲ အသက်မဲ့သလိုကြည့်နေတဲ့ ချန်ဟေးကို အကြည့်တစ်ချက်နဲ့သတိပေးလိုက်သည်..ပြီးတော့မှ..သောင်းကျန်းချင်တိုင်းသောင်းကျန်းနေတဲ့ သားဖြစ်သူကို..စိတ်ပြေအောင် ချော့ဖို့ အနားကပ်သွားလိုက်သည်..

"ရွှယ်အာ..မင်းစိတ်ကိုထိန်းစမ်းပါ..ဘာပဲဖြစ်ဖြစ် ချန်ဟေးက မင်းနဲ့လက်ထပ်ရမှာပဲလေ..သူ ငြင်းချင်ရင်တောင် ငြင်းလို့မရစေရဘူး.."

ဝမ်သခင်ကြီး..နောက်ဆုံးအကြောင်းကို ချန်ဟေးကို စိုက်ကြည့်ကာ ပြောလိုက်သည်..သူ့သားလုပ်ထားတာတွေ သူ သိတာပေါ့..ဒီလူသာ သတိပြန်ရသွားရင် သူ့သားအတွက် သင့်တော်တဲ့သူမရှိတော့ဘူး..ရွှယ်အာ..ဒီကောင့်ကို ကယ်လာတုန်းက ဝတ်စားထားပုံအရ..စစ်တပ်ထဲက ရာထူးကြီးကြီးဖြစ်လောက်တယ်..ဒီလိုလူကို သူ..အပိုင်ကိုင်ထားရမယ်..

စိတ်နည်းနည်းပြေလာတဲ့ ရွှယ်အာလက်လေးကိုကိုင်ကာ..ထိုင်ခုံမှာထိုင်ခိုင်းလိုက်ရင်း..ရေနွေး၁ခွက် ငှဲ့တိုက်လိုက်သည်..ပြီးမှ သူပါ ဘေးခုံမှာ ဝင်ထိုင်လိုက်ကာ..

"ရွှယ်အာ..အဲ့ဒီစပ်စလူးရွထနေတဲ့ကောင်ကို မေ့ထားလိုက်..ချန်ဟေးနဲ့ လက်ထပ်ဖို့လုပ်တော့.."

ဟွားရွှယ်..သူ့အဖေစကားကြောင့် ရှက်သွားကာ.. ရပ်နေတဲ့အကိုဟေးကိုခိုးကြည့်လိုက်သည်..ဒါပေမယ့် စိတ်ဝင်စားပုံမပြတဲ့အကိုဟေးကြောင့်..စိတ်ထဲမှာ ဘဝင်မကျဖြစ်သွားသည်..

ဝမ်သခင်ကြီး..ရွှယ်အာ့အမူအရာကိုကြည့်လိုက်တာနဲ့ ဘာဖြစ်သွားမှန်း သူ သိလိုက်တယ်..သူတို့ဘေးမှာ ရပ်နေတဲ့ချန်ဟေးကို တစ်ချက်ကြည့်လိုက်ကာ..

စောက်ချော system(Completed)Where stories live. Discover now