Real life 4

8.8K 1.2K 59
                                    

[Zawgyi]
🐼🐼🐼🐼🐼🐼
🎋🎋🎋🎋🎋🎋

"ဒီ..🎶🎶🎶🎶"

မင်းယွမ်..ကော်နဲ့ ကပ်ထားမလားအောက္မေ့ရအောင် ပိတ်ကျနေတဲ့ မျက်ခွံတွေကြောင့် အသံကြားရာဘက် လက်ဆန့်ထုတ်ကာ စမ်းလိုက်သည်..

"ဟယ်လို..."

အိပ်ချင်နေတဲ့ သူ့စိတ်ကြောင့် အသံက မပီမပြင်ထွက်သွားသည်..ဒါပေမယ့် တစ်ဖက်ကနေ သူ့နားထဲ တိုးဝင်လာတဲ့ ရင်းနှီးတဲ့အသံကြောင့် သူ့မျက်လုံးတွေ ချက်ချင်းပြူးသွားရသည်..
"ဆရာမကြီး..သားဆီ ဘာလို့ဆက်တာလဲ..အစောကြီးပဲ..."

".........."

"ရတယ်..သား အိပ်ရာထနေပြီ..ပြောလို့ရပါတယ်.."

".........."

"ဟုတ်..ဒီနေ့ အားပါတယ်...ဘာဖြစ်လို့လဲ ဆရာမကြီး..ကလေးတွေ နေမကောင်းဖြစ်လို့လား.."

"..........."

"အဲ့တာဆို သား လာခဲ့မယ်လေ..မဟုတ်လည်း သား ကလေးတွေကို လွမ်းနေတာ.."

".........."

"ဟုတ်.. သား ၁၀နာရီလောက် လာခဲ့မယ်..ဆရာမကြီးတို့ လိုတာရှိသေးလား.."

"........."

"ဟုတ်...အဲ့တာဆို ဒါပဲနော်..သူတို့ကို လာခေါ်ပါ့မယ်..သား ပြင်ဆင်ပြီးတာနဲ့ထွက်ခဲ့မယ်.."

"........."

ပိတ်ကျသွားတဲ့ ဖုန်းမျက်နှာပြင်နဲ့အတူ သူ့စိတ်တွေ လန်းဆန်းသွားသလို ခံစားလိုက်ရတယ်..မင်းယွမ် အိပ်ရာပေါ်က ဆင်းကာ အကြောနည်းနည်းလျော့လိုက်တယ်..သူ ဆေးရုံက ဆင်းလာတာ ၁ပတ်ကျော်ပြီ..

ဒီကြားထဲ ဖုန်းဟွားနဲ့ အန်တီစဲ့လန်က ဓါတ်ကျနေကြတယ်..သူ့ကို ယောက်ျားပေးစားဖို့အရေး သူတို့အရေးများ လုပ်နေကြလားမသိပါဘူး..သူ့ကိုလည်း အတင်းဆွဲခေါ်နေကြတာကြောင့် မနက္မိုးလင်း အိပ်ရာထတာနဲ့ အလုပ်မရှိအလုပ်ရှာပြီး မြို့တစ်ပတ် ပတ်နေရတယ်..

ဒီနေ့တော့ ပတ်စရာမလိုတော့ပါဘူး..သူ့ဘဝထဲ ဝင်ရောက်လာမယ့် ရတနာတုံးလေးတွေကို သွားခေါ်ရမယ်..

လေ့ကျင့်ခန်းအနည်းငယ်ထပ်လုပ်ပြီးတာနဲ့ ရေချိုးတစ်ပတ်ယူကာ ရေချိုးခန်းထဲ ဝင်လာခဲ့သည်..မျက်နှာသစ် သွားတိုက်ကာ ရေပန်းဘားကို ဖွင့်ချလိုက်ပြီး ခပ်မြန်မြန်လေးချိုးလိုက်တယ်..မနက်ခင်းကို ရေအေးအေးလေးနဲ့ ငြိမ်းချမ်းသွားအောင်လို့ပေါ့..

စောက်ချော system(Completed)Where stories live. Discover now