Arc6(6.7)

10.4K 1.5K 125
                                    

[Zawgyi]

🎶🎶I know you're chokin' on your fears
Already told you I'm right here
I'll stay by your side every night
I don't know why you hide from the one
You close your eyes to the one
Mess up and lie to the one that you love
🎶🎶

ရှင်း..မနက်စောစောစီးစီး နားထဲဝင်လာတဲ့တီးလုံးသံကြောင့် ဒေါသထွက်စွာ ဖုန်းကို စမ်းပြီး ကောက်ကိုင်လိုက်တယ်..မျက်လုံးတွေကတော့ ပိတ်လျက်သား..ရှင်းစိတ်ထဲ ringtone သံကို ရင်းနှီးနေသလိုပဲ..စကိုင်းစ်ဟာနဲ့ တူလိုက်တာ..

"ဟယ်လို.."

"ဟယ်လိုမနေနဲ့..ခွေးကောင်..မင်း အခုထိ မလာသေးဘူးလား..ငါ ရောက်နေတာ ၁နာရီလောက်ရှိနေ
ပြီ.."

နားထဲ ရှင်းရှင်းလင်းလင်းရောက်လာတဲ့ စကိုင်းစ်အသံကြောင့် ရှင်းရဲ့ ပိတ်နေတဲ့မျက်လုံးတွေပွင့်လာကာ ကုတင်ပေါ်က ဝုန်းခနဲထထိုင်လိုက်မိသည်..နာရီကို
ကြည့်လိုက်တော့ ၈ခွဲ..ချီးပဲ..ဖုန်းကို စပီကာဖွင့်လိုက်
ပြီး ကမန်းကတမ်းထကာ..ရေချိုးခန်းထဲပြေးဝင်လိုက်တယ်.
"ဆောရီး..စကိုင်းစ်..ငါ မနေ့က မိုးချုပ်သွားလို့..ငါ အခုလာပြီ.."

"အေး..မိနစ်၂၀ပဲ..ဒီထက်ကျော်ရင် ငါ့အဆိုးမဆိုနဲ့."

"ဟယ်လို..စကိုင်းစ်..စကိုင်းစ်..ချီးပဲကွာ.."
ရှင်း မျက်နှာအမြန်သစ်ကာ တွေ့တဲ့အဝတ်စားကောက်ဝတ်ပြီး အောက်ထပ်ကို အမြန်ဆင်းပြေးလိုက်ရတယ်..မိနစ်၂၀..သူ့မှာ မိနစ်၂၀ပဲရှိတယ်..စကိုင်းစ် စိတ်တိုတာ ကြောက်ဖို့ကောင်းပါတယ်ဆို..သူကလည်း ညက ဘယ်လိုလုပ်မိုးချုပ်သွားမှန်းမသိဘူး..ရှင်း ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း ကားသော့ယူကာ ကားစက်နှိုးပြီး Apple airport ဆီ ဦးတည်လိုက်တယ်..

ရိန်း သူကို မမြင်ဘဲ အလျင်စလို ကားမောင်းထွက်
သွားတဲ့ရှင်းကြောင့် အခန်းထဲကနေ အိပ်မှုန်စုပ်ဖွားထွက်လာတဲ့သမီးငယ်ကို မေးသလိုကြည့်လိုက်သည်..

"ဘာလို့သမီးလာကြည့်နေတာလဲ..မသိဘူးနော်.."
ရှိုင်း သမ်းလိုက်ရင်း ဖေဖေ့ကို လက်ခါပြလိုက်တယ်.
ကိုကိုလုပ်သမျှ ရှိုင်းသိလိမ်မယ်လို့ ဘာလို့ဖေဖေက ထင်နေရတာလဲမသိဘူး..ဟူး..ငါ့ဘဝလေးလည်း သနားစရာပါလား..အာ..မနေ့ညက ကိုကိုဖုန်းပြောနေတာကြားလိုက်သလိုပဲ..ရှိုင်း အခုထိကြည့်နေသေးတဲ့ ဖေဖေ့ကို..
"မနေ့ညကဖုန်းပြောနေတာ ကြားတာတော့ UK ကလာမယ့်သူငယ်ချင်းကို သွားကြိုမလို့ဆိုလားပဲ.." အဲ့ကျမှ ရှိုင်းဆီက အကြည့်လွဲသွားသည်..တကယ်ပါပဲနော်..အဖြေမရမချင်း အကြည့်လွဲမှာမဟုတ်တဲ့ဖေဖေကြောင့် မနည်းဖျစ်ညှစ်စဉ်းစားလိုက်ရတယ်..

စောက်ချော system(Completed)Where stories live. Discover now