Arc5(5.7)

14.4K 1.8K 80
                                    

[Zawgyi]

"ဟားး ဟားး စစ်သူကြီးချုပ်ကတော့ အမြဲ အောင်ပွဲဆင်နေတော့တာပဲနော်..ဂုဏ်ယူပါတယ်..ဂုဏ်ယူပါတယ်.."

"ဟုတ်ပါ့..တိုင်းပြည်မှာ ရှစစ်သူကြီးချုပ်လို လူမျိုးရှိတာသိပ်ကို ကံကောင်းတာပဲဗျို့.."

မုကျိုး..သူ့နား ဝိုင်းအုံကာ မြှောက်ပင့်နေကြတဲ့ မြေခွေးအိုကြီးတွေကြောင့် စိတ်အိုက်လာသည်..ဒီလိုမှန်းသိ စောစောမလာခဲ့ပါဘူး..သူတို့ တပ်စခန်းကနေထွက်လာတော့ ညနေစောင်းကျော်ရုံပဲရှိသေးတယ်..သူတို့ရောက်နေတာ အမွှေးတိုင်၂တိုင်စာလောက်ရှိပြီ.. မင်းကြီးက အခုထိကြွမလာသေးဘူး..

သူ့ကို မျက်စိကျနေကြတဲ့ မြေခွေးအိုကြီးတွေကလည်း ဒီအချိန်ကို အခွင့်ကောင်းယူပြီး မဲဆွယ်နေကြတာ..သူ သိတာပေါ့..ဒီမြေခွေးအိုတွေက ချူးဟောင်မင်ဘက်က လူတွေဆိုတာ..စိတ်မပါတဲ့ပုံပြနေတာတောင်..အခုထိကပ်နေသေးတာ..ဇွဲရှိတာတော့ ချီးကျူးရမှာပဲ..

မုကျိုး..နားညီးလာတာနဲ့ သောက်လက်စ သေရည်ကို အကုန်မော့သောက်ကာ..ဘေးက ယင်လျို့ပုခုံးကို ပုတ်လိုက်ပြီး..

"ယင်လျို့..ငါ ဥယျာဉ်ဘက် ခနသွားပြီး လေကောင်းလေသန့်သွားရှုမလို့..လိုက်ဦးမလား.." လို့ မေးလိုက်သည်..

ယင်လျို့..မုကျိုးကို သေရည်ပုလင်းမြှောက်ပြလိုက်ပြီး..

"ငါ ဒါပြီးအောင် သောက်လိုက်ဦးမယ်.." လို့ပြောလိုက်တော့ ခေါင်းညိမ့်ကာ ထွက်သွားလေသည်.. ယင်လျို့..ဘေးနားတစ်ဝိုက်က အမတ်အိုတွေရဲ့ အီးမှန်သွားတဲ့ရုပ်ကိုကြည့်ပြီး စိတ်ထဲကနေ ရယ်လိုက်သည်..

ပြောနေရင်း စကားဖြတ်ကာ ထွက်သွားတဲ့မုကျိုးကြောင့်..စကားပြောနေတဲ့အမတ်..ပါးစပ်ပိတ်သွားသည်..သူတို့စိတ်ထဲမှာတော့ ဒေါသထွက်နေပေမယ့်.. အပြစ်တင်လို့လည်းမရ..ထီးနန်းလုဖို့အတွက် ရှမုကျိုးက အရေးပါတယ်..စစ်တပ်အာဏာတစ်ဝက်ကျော်လောက် ချုပ်ကိုင်ထားတဲ့ရှမုကျိုးကို သူတို့ဘက် ဆွဲယူမှရမယ်..အိမ်ရှေ့စံလား..ကောတစ်ယောက်ကို အိမ်ရှေ့စံအဖြစ် သူတို့လက်မခံနိုင်ဘူး..အားလုံးစိတ်ထဲမှာတော့ ဒုတိယမင်းသား ချူးဟောင်မင်က နန်းတက်ဖို့ အသင့်တော်ဆုံးပင်..

စောက်ချော system(Completed)Where stories live. Discover now