Between life 7

8.9K 1.1K 69
                                    

[Zawgyi]🌺🌺🌺🌺🌺🥀🥀

"နတ်ဘုရားတွေ..အခုတလော နတ်ဘုံကို သေချာတင်းကြပ်ထားပါ..နတ်ဆိုးတွေက ပြန်လှုပ်ရှားနေပြီ.."

"ဟုတ်ကဲ့ပါ အုပ်ချုပ်သူ..ဒါနဲ့ ကောင်းကင်သခင်ကို ဘာဖြစ်လို့မတွေ့တာလဲ မေးလို့ရမလား.."

"ဟုတ်ပါတယ်.."

နတ်သဘင်အစည်းဝေးက နတ်ဘုရားတွေ တစ်ယောက်တစ်ပေါက္မေးကုန်သည်..

ချွေ့မင်..နတ်ဘုရားတွေကို စုကြည့်လိုက်သည်..ယွီလျန့်ရှင်းဆီရောက်တော့ ခနရပ်သွားကာ..
"ကြယ်စင်နတ်ဘုရားမက ဘာဖြစ်လို့လဲ..မျက်နှာကြီးအုပ်ထားပါလား..နေများမကောင်းလို့လား.."

လျန့်ရှင်း..လက်သီးစုပ်လိုက္မိသည်..ဒါ သက်သက် သူမကို ရန်စတာ..သူမ လုပ်နေတာ အားလုံးသိတယ်ဆိုပြီးတော့..ဖုန်းချွေ့မင်ရဲ့ သူမကို လှောင်သလိုပြုံးနေတဲ့မျက်နှာကြောင့် ဒေါသက ပိုထွက်လာသည်..ဒါပေမယ့် အခုချိန်က ဒေါသနဲ့လုပ်ရမယ့် အချိန်မဟုတ်သေးဘူး..အကိုက ဖုန်းရှဲ့ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်နေတာ အောင်မြင်ခါနီးနေပြီ..စိတ်ရှိတိုင်း ပြုမူလိုက်ရင် အကို့ကိစ္စကြီး ပျက်သွားလိမ်မယ်.

အတွေးနဲ့အတူ စိတ်ကို ထိန်းချုပ်ကာ ဖုန်းချွေ့မင်ကို အရိုသေပေးလိုက်ရင်း
"အုပ်ချုပ်သူ ကျွန်မ ဘာမှမဖြစ်ပါဘူး..မတည့်တဲ့ ဝတ်မှုန်တစ်ခု ရှုလိုက္မိလို့ပါ..မကြာခင် ပျောက်သွားမှာပါ.."

ချွေ့မင်..စိတ်ထဲကနေ ပြုံးလိုက္မိပေမယ့် အပြင်မှာတော့...
"ကောင်းပါတယ်..သက်သာအောင် နေပေါ့..ကဲ..နတ်ဘုရားတို့ ကိုယ်တော်ပြောထားတဲ့အတိုင်း နတ်ဆိုးတွေ ဝင်ရောက်လာမှုကို စစ်ဆေးထားပါ..အကိုတော်က လုပ်စရာကိစ္စလေးရှိနေလို့.."

"အုပ်ချုပ်သူကို တစ်ခုလောက္မေးလို့ရမလား.."

ချွေ့မင်..တောင်းဆိုလာတဲ့လျန့်ရှင်းကြောင့် မျက္မှောင်တစ်ချက် ကြုံ့လိုက္မိပေမယ့် ချက်ချင်း ပြန်ထိန်းလိုက်ကာ..
"မေးပါ.."

"ကျွန်မကြားတာ ကောင်းကင်သခင်က သတိမေ့နေတယ်ဆို.."

"ဘာ..ကောင်းကင်သခင်က တကယ်ကြီးလား..ဘာလို့လဲ.."

စောက်ချော system(Completed)Where stories live. Discover now