Between life 4

8.2K 980 13
                                    

[Zawgyi]🌺🌺🌺🌺🌺

"အင်းး ဒီလောက်ဆို အဆင်ပြေလောက်ပါပြီ..သေရည်ရော လိုသေးလားမသိဘူး.."
သူ..သက်ရှည်ဇီးပင်အောက်က ပြင်ဆင်ထားတာတွေကို စစ်ဆေးနေရင်း ရေရွတ်လိုက်တယ်..ကောင်းကင်ကို မော့ကြည့်လိုက်တော့ ရောင်နီသန်းရုံလေး ရှိသေးတယ်..

"ငါ ရောက်လာတာများ စောနေတာလား..ဟိုကောင်တွေလည်း အခုထိ ရောက္မလာသေးဘူး.."

ထိုစဉ်......

"ယီမို့..ငါတို့လာပြီ..."

အသံနဲ့အတူ..သူ့ ရှေ့ပေါ်လာတဲ့လူရိပ်၃ခု..ယီမို့လို့ခေါ်သည့်လူက ချက်ချင်းအပြုံးတစ်ခု ဖြစ်ပေါ်လာကာ..

"လာကြပြီလား..အော..ပိုင်လင်လည်း ပါလာတာပဲ..လာ.." ပြောရင်း လက်ဝှေ့ရမ်းကာ ထိုင်ဖို့ အခင်းတစ်ခု ထပ်ဖန်ဆင်းလိုက်သည်..

ပိုင်လင်..မသိချင်ယောင်ဆောင်လိုက်ကာ..ဘေးက ဇီးပင်ပေါ် ခုန်တက်ပြီး ခွကြားမှာ လှဲချလိုက်သည်..

ယီမို့နားမလည်နိုင်သည့်ပုံစံ ဖြစ်သွားသည်..ချွေ့မင်ကို ဘာဖြစ်တာလဲဆိုသည့်ပုံစံနဲ့ မေးငေါ့ပြလိုက်တော့ ချက်ချင်း အော်ရယ်လာလေသည်..

"တောင်းပန်တယ်..ယီမို့..ငါ တစ်လမ်းလုံး ရယ်ချင်စိတ်ကို အောင့်လာရတာ..မရတော့ဘူး..ဟ..ဟ...ဟားး"

ချွေ့မင်က ရယ်လေ သစ်ပင်ခွကြားက ပိုင်လင်က လက်သီးလက္မောင်းတန်းကာ ဒေါသထွက်နေလေလေ ဖြစ်နေသည်..

ကြားထဲက ငါပဲ နားမလည်ဖြစ်နေတာလား..လို့ ယီမို့စိတ်ထဲကနေ တွေးလိုက္မိတယ်..ထူးခြားတာက ခါတိုင်း ဖုန်းရှဲ့နဲ့ ပြိုင်သတ်နေတဲ့ပိုင်လင်က အခု ပါးစပ္ကြီးပိတ်ပြီး ငြိမ်နေတာကိုပဲ..ဖုန်းရှဲ့ကို ကြည့်လိုက်တော့လည်း သေရည်အိုးကို မော့သောက်ကာ မျက်လုံးတွေ စုံမှိတ်ပြီး အရသာခံနေလေသည်...

"ချွေ့မင်..ဘာတွေဖြစ်လာကြတာလဲ.."

သိချင်စိတ်နဲ့ အနားတိုးလာကာ မေးနေတဲ့ယီမို့ကြောင့် ရယ်နေတဲ့အရှိန်ကို လျော့လိုက်ကာ..
"အဟမ်း..ဒီလိုကွ..မနေ့က အကိုတော်က ပိုင်လင်ကို သစ်ပင်ပေါ်က ပြုတ်ကျအောင်လုပ်လိုက်တာ..အဲ့တာကို မကျေနပ်တဲ့ပိုင်လင်က လက်စားပြန်ချေပါလေရော..."

စောက်ချော system(Completed)Where stories live. Discover now