Arc6(6.12)Final

11.9K 1.7K 144
                                    

[Zawgyi]

မင်္ဂလာဆောင်..

သမ္မတနဲ့ အမျိုးတော်စပ်တဲ့ တူမဖြစ်သူရဲ့ မင်္ဂလာဆောင်ကြောင့် ခန်းမတစ်ခုလုံး စည်ကားနေသည်..ရဲတွေ..ဝန်ကြီးတွေ..သမ္မတကြီးနဲ့ မိသားစုတွေ.

"သတိုးသမီးဖြစ်သူ ရှိုင်း နဲ့ သတို့သားဖြစ်သူ စကိုင်းစ်တို့ရဲ့ မင်္ဂလာပွဲကို ကြွရောက်လာပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်..ဇနီးမောင်နှံတွေ လက်စွပ်လဲလို့ရပါပြီ.."

စကိုင်းစ် DR လက်စွပ်လေးကို ရှိုင်းကို ဝတ်ပေးလိုက်သည်..

"ဇနီးမောင်နှံအချင်းချင်း နမ်းလို့ရပါပြီ.."

"ဝိုးးးးး!!! "

ပွဲလာပရိတ်သတ်တွေရဲ့ အော်သံကျယ်ကြီး ထွက်လာသည်..ရှင်း အေးဆေးထိုင်နေရင်း ရှိုင်းတို့ မင်္ဂလာကိတ်လှီးနေတာကို ကြည့်နေမိသည်..သူ့အရင်ဘဝကို ပြန်စဉ်းစားမိသွားသည်..အဲ့အချိန်တုန်းက ဟိုကောင်မလေး ဒီလို ပျော်ရွှင်နေတဲ့ပုံ မပေါ်ခဲ့ဘူး..အားလုံး သူ့အမှားပဲ..အဲ့ခွေးကောင်နဲ့ လက်ထပ်ဖို့ မပြင်ဆင်ခဲ့သင့်ဘူး..ရှင်း ဒီနေ့မှ စိတ်လေးနေသလို ခံစားရတယ်..

ဇာတ်ကြောင်းထဲမှာ သူတို့က သမ္မတရဲ့ ညီမက မွေး
ပြီးတော့ တူ,တူမ တော်စပ်တယ်ဆိုတဲ့အကြောင်း မပါဘူး..မူလပိုင်ရှင်တုန်းက သူ့ညီမက ငယ်ငယ်နဲ့ သတ်ခံလိုက်ရတာကိုး..အဲ့တုန်းက ဖေဖေက အကူညီသွားတောင်းလိုက်ဦးမယ်ဆိုပြီး ထွက်သွားသေးတယ်..ဒါပေမယ့် မရောက်သေးခင်မှာပဲ သတ်ခံလိုက်ရတာ..ရှင်း တွေးရင်းတွေးရင်းနဲ့ ခေါင်းမူးလာသည်..
"မင်းတို့ ဒီမှာနေခဲ့..ငါ လေကောင်းလေသန့် သွားရှုမလို့.."

"ကျွန်တော်တို့ လိုက်ခဲ့ပါမယ်..မမလေးရှိုင်းက သခင်လေးကို တစ်ယောက်တည်း မလွှတ်ပါနဲ့လို့ မှာထားပါတယ်.."

"ကျွတ်..!! ငါ ပြောနေတယ်..ငါ စိတ်အိုက်နေတယ်လို့..ဒီလိုပွဲနေ့မှာ ငါ ဒေါသမထွက်ချင်ဘူး..မင်းတို့ နေခဲ့..15 မိနစ်နေရင် ငါ ပြန်လာမယ်.."

"ကောင်းပါပြီ..သခင်လေး.."

ရှင်း စားပွဲထိုးဆီက ဝိုင်တစ်ခွက် လှမ်းယူကာ ခန်းမအပြင်ဘက် ထွက်လာခဲ့သည်..လှုပ်ရှားသွားလာနေတဲ့သူတွေထဲ သူ့လူကြီးပါမလားဆိုသည့် အတွေးနဲ့ လိုက်ရှာမိနေသည့်..သူ့ကိုယ်သူ လှောင်ရယ်လိုက်သည်..
*ရှင်းရာ..မင်းက အရူးပဲ..*

စောက်ချော system(Completed)Where stories live. Discover now