Real life 1

10.6K 1.1K 50
                                    

[Zawgyi]
🦊🦊🦊🦊🦊🦊
🍁🍁🍁🍁🍁🍁

ဖုန်းဟွား..အခန်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျောက်နေမိသည်..
"ဘာလို့ထွက္မလာသေးတာလဲ.."

ထိုစဉ်..VVIP room ထဲက ထွက်လာတဲ့ဆရာဝန်တစ်စု..ဖုန်းဟွား..မျော်လင့်ချက်အပြည့်နဲ့ အနားကပ်သွားလိုက်သည်..

"ဒေါက်တာ..ကျွန်မ ကိုကို ဘယ်လိုနေလဲမသိဘူး.."

"သခင်လေးက အဆင်ပြေပါတယ်..ဒါပေမယ့် ၁နှစ်ကျော်လောက် ကိုမာဖြစ်ထားတော့ ခြေထောက်တွေက လှုပ်ရှားရခက်လိမ်မယ်..သခင်မလေးက ဘေးကနေ လေ့ကျင့်ခန်းလုပ်ဖို့ ကူညီပေးလိုက်ပါ..အဆင်ပြေသွားရင်တော့ ဆေးရုံက ဆင်းလို့ရပါပြီ.."

"သောက်ရမယ့်ဆေးတွေ ရှိသေးလား.."

"မရှိပါဘူး..သခင်လေးက ၁နှစ်လောက် ကိုမာဖြစ်ထားတဲ့လူလို့ မထင်ရအောင်ကို ကျန်းမာပါတယ်..ဒါဆို ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး.."

ဒေါက်တာ..သခင်မလေးကို နှုတ်ဆက်ကာ ထွက်လာခဲ့သည်..ခုနက သခင်မလေးက ဒီဆေးရုံအဆောက်ဦးပိုင်ရှင်ရဲ့ တစ်ဦးတည်းသောညီမလေး..ပိုင်ဖုန်းဟွား..

သူ..ပင်ပန်းနေသမျှကို သက်ပြင်းချကာ ဖွင့်ထုတ်လိုက်သည်..ဆေးရုံပိုင်ရှင်က နောက်ဆုံးတော့ သတိရသွားပြီပဲ..မဟုတ်ရင်..သခင်မလေးရဲ့ ဒေါသနဲ့ ဒီဆေးရုံက ဆရာဝန်တွေ အကုန်ပြောင်သွားလောက်တယ်..သူတို့ နားလို့ရပြီကွ..အဟေးး

အခန်းထဲမှာတော့..မင်းယွမ်..ဆရာဝန်တွေ ထွက်သွားတဲ့အထိ..အတွေးလွန်နေရာက သတိပြန်မဝင်သေးပေ..သူ့စိတ်ထဲ ဒါတွေကို အိမ်မက် လို့ပဲ ထင်နေမိတယ်..

မင်းယွမ်..သူ့ပါးသူ ကိုင်ကာ ဆွဲညှစ်လိုက်သည်..
"အ့..နာတယ်ဟ..ဒါဆို အိမ်မက္မဟုတ်ဘူးပေါ့.."
*တကယ်ကြီး ငါ ပြန်မွေးဖွားလာတာလား..*

သူ့စိတ်ထဲ ဘဝင်မကျသလို ခံစားလိုက်ရတယ်.. သူ ရှင်းရှင်းလင်းလင်း မှတ်မိသေးတယ်..သူ သေသွားတာကိုပေါ့..အဲ့သေတာကို တွေးမိတာနဲ့ ဒေါသထွက်လို့မဆုံးဘူး..ဘယ့်နှယ့်.သူ့လို မြေအောက်လောကဘုရင်က စိတ်ကြွဆေးကြောင့် သေရတယ်လို့..

ဘယ်သူငါ့ကို စိတ်ကြွဆေးအများကြီးထည့်ပြီး လုပ်ကြံရဲရတာလဲ..တွေ့လို့ကတော့ သေပြီသာမှတ်..နေဦး..အခုချိန်က အဲ့တာ စဉ်းစားရမယ့်အချိန်မဟုတ်သေးဘူး..

စောက်ချော system(Completed)Where stories live. Discover now