Between life 3

9.2K 1.1K 21
                                    

[Zawgyi]🌸🌸🌸🌸🌸

ကမ္ဘာဦးအစကတည်းက တည်ရှိခဲ့တဲ့ နတ်ဘုရားကမ္ဘာ... နတ်ဆိုးဘုံ...ဒီဘုံနှစ်ခုစလုံးက အင်အားကြီးမားကြတဲ့ မသေမျိုးစစ်သည်တစ်စုပင်..

လူသားကမ္ဘာနဲ့ ခြားနားစွာ ဝေးကွာတဲ့နေရာမှာ တည်ရှိကြသည်..

အကောင်းအဆိုးပေါ်မူတည်ပြီး နတ်ဘုရား နဲ့ နတ်ဆိုး ဆိုကာ ဘက်ကွဲသွားသလို ကိုးကွယ်ကြသူတွေလည်း ရှိလို့နေသည်..ကိုးကွယ်သူလူအများစုက လူသားတွေပင် ဖြစ်သည်..နတ်ဆိုးကိုးကွယ်သူကတော့ လူနည်းစုဖြစ်ပေမယ့်ပေါ့..

တစ်နေ့နတ်ဆိုးဘုံ နဲ့ နတ်ဘုရားကမ္ဘာက အကြီးအကဲ၂ယောက်က နယ်မြေလုရင်း တိုက်ပွဲဖြစ်ကြသည်..အဲ့တိုက်ပွဲက အစပြု၍ နတ်ဆိုး နဲ့ နတ်ဘုရားတွေပါ ပါဝင်လာကာ စစ်ပွဲကြီး ဖြစ်ပေါ်လာခဲ့သည်..

ဒီတိုက်ပွဲမှာ နတ်ဆိုး နတ်ဘုရားတွေ အများအပြားသေကြေကြရုံသာမက လူသားတွေပါ အလဟဿသေဆုံးခဲ့ရသည်..

နတ်ဆိုးတွေ နဲ့ နတ်ဘုရားတွေရဲ့ လုပ်ရပ်ကို စိတ်ဆိုးဒေါသထွက်သွားတဲ့ သဘာဝကြီးက အရာအားလုံးကို ဖျက်ဆီးပစ်ကာ ကမ္ဘာတစ်ခုလုံးကို သန့်ရှင်းပစ်လိုက်သည်..

ကမ္ဘာကြီးပျက်ဆီးပြီး နှစ်ပေါင်း၁သောင်းကြာတော့ ကမ္ဘာ့ရဲ့ အသက်သွေးကြောကနေ နတ်ဆိုးစွမ်းအားရော နတ်ဘုရားစွမ်းအားပါ ပါလာခဲ့တဲ ကလေး၂ယောက် မွေးဖွားလာသည်...သဘာဝရဲ့ စွမ်းအင်တွေကို စုပ်ယူပြီး ချက်ချင်း နတ်ဘုရားတွေအဖြစ် အရွယ်ရောက်လာခဲ့ကြသည်..

နတ်ဆိုးစွမ်းအားကို ငြင်းဆန်ကာ နတ်ဘုရားစွမ်းအင်တွေနဲ့ ကမ္ဘာကြီးကို နောက်တစ်ကြိမ် ပြန်လည် အသက်သွင်းခဲ့သည်..နတ်ဘုရားတွေဘက်ကနေ မီးနတ်ဘုရား..နေနတ်ဘုရား ကံကြမ္မာနတ်သမီး လေနတ်သမီး ရေနတ်သမီး မိုးကြိုးနတ်ဘုရားတို့ ပေါ်ပေါက်လာသလို နတ်ဆိုးဘုံဘက်ကနေလည်း နတ်ဆိုးသခင် ၁ပါး မွေးဖွားလာခဲ့သည်..

နတ်ဆိုးဘုံ နတ်ဘုရားကမ္ဘာနဲ့ လူသားဘုံကနောက်တစ်ကြိမ်ပြန်လည်ဖြစ်ပေါ်လာခဲ့သည်..

နတ်ဘုရားတိုင်းလိုလိုက အရင်ဆုံးဖြစ်တည်ခဲ့တဲ့ နတ်ဘုရား၂ပါးကို ရှေးဟောင်းနတ်ဘုရားတွေအဖြစ်သတ်မှတ်ကာ သူတို့အုပ်ချုပ်မှုအောက္မှာ ငြိမ်းချမ်းစွာ တည်ရှိခဲ့ပြီး...

စောက်ချော system(Completed)Where stories live. Discover now