Between life

13.2K 1.6K 34
                                    

[Zawgyi]

"ပြန်လာတာ ကြိုဆိုပါတယ် host..အမှတ်တွေ တွက်ပေးပါမယ်..mission completeဖြစ်တဲ့အတွက် အားလုံ6း400ပါ ဧကရာဇ်ကြာပန်းအတွက် 800နှုတ်ပြီးသားပါ.."

"အင်း..ဒါနဲ့ရှောင်လင် ငါမေးစရာရှိလို့.."

"မေးပါhost.."

"ငါက သူများကိုယ်တွေကိုသိမ်းပြီး ကလဲ့စားချေ ၊ missionထမ်းဆောင်ရတာဆိုတော့ တကယ့်ခန္ဓာပိုင်ရှင်အစစ်တွေကျ ဘယ်လိုနေလဲ..သူတို့သေသွားတာလား.."

"သေလည်း သေတယ်..မသေလည်း မသေဘူး.."

မင်းယွမ်..ခေါင်းရှုတ်သွားတာကြောင့် မျက်မှောင်ကြုံ့ သွားသည်..

"ရှောင်လင် ရှင်းပြမယ်..မူလပိုင်ရှင်တွေက သူတို့ကိုယ်စားကလဲ့စားချေပေးဖို့ ဆန္ဒဖြည့်ပေးဖို့ system တွေနဲ့ ဆက်သွယ်ကြတယ်..တစ်ချို့ကကျ..hostတွေ တာဝန်ပြီးတာနဲ့ သူတို့ကိုယ်ကို ပြန်ပိုင်ဆိုင်ကြတယ်.
တစ်ချို့ကျ သူတို့ဝိညာဉ်ကို ပေးပြီး ဆန္ဒဖြည့်ခိုင်းကြတယ်..အားလုံးက မူလပိုင်ရှင်ရဲ့စိတ်ပေါ်မူတည်တယ်.."

"အဲ့တာဆို မင်းဆိုလိုတာက ငါဝင်တဲ့ခန္ဓာပိုင်ရှင်က သူ့ခန္ဓာကိုယ်ပြန်လိုချင်ရင် ငါက တာဝန်ပြီးတာနဲ့ထွက်သွားရမှာလား.."

"ဟုတ်ပါတယ်..ဒါပေမယ့် ပြန်လိုချင်တဲ့သူက ရှားပါတယ်..ဝိညာဉ်အနေနဲ့ ပြန်ပေးဆပ်တဲ့သူကများတယ်..သူတို့ဝိညာဉ်ကို ဖန်တီးရှင်က သနားသောအား
ဖြင့် ရှောင်လင်တို့လို systemအနေနဲ့ တာဝန်ထမ်းဆောင်ခိုင်းတယ်..မလုပ်ချင်တဲ့သူတွေကတော့ ငရဲသွားပေါ့..သူတို့က ခံရသူတွေဆိုပေမယ့် ဒီလိုခန္ဓာကိုယ်ကို ပေးပြီး ကလဲ့စားချေခိုင်းတဲ့အတွက် တန်ရာတန်ကြေးတော့ ပေးရမှာပဲလေ.."
ရှောင်လင်..ပြောပြီး သူ့hostကို ကြည့်လိုက်ရာ အတွေးများနေတာကြောင့်..စကားလမ်းကြောင်းလွဲဖို့စဉ်းစားလိုက်တယ်..
"ကဲ..host..နောက်ကမ္ဘာအတွက် သင်ရမယ့်ပညာရပ်တွေပါ..ရေကူး..ရုပ်ပြောင်းရုပ်လွဲအတတ်..အရှိန်ဝါဖန်တီးခြင်း..တစ်ခုရွေးပါ.."

မင်းယွမ်..ပညာရပ်သုံးခုကို သေချာကြည့်လိုက်ကာ..
"အရှိန်ဝါဖန်တီးခြင်းက ဘာလဲ.."

"အဲ့တာက hostဖြစ်ချင်တဲ့ပုံစံစဉ်းစားလိုက်တာနဲ့ အဲ့လူရဲ့ပုံစံအပြင် သူ့ရဲ့အော်ရာကိုပါရသွားမှာ..
hostတို့ကမ္ဘာရဲ့ ဟိုဝတ္ထုထဲမှာပါတယ်လေ..ဘာခေါ်တယ်..သိပြီ..Desolate era ထဲက ဇာတ်လိုက်မင်းသားဂျိနင်ပိုင်တဲ့ပညာရပ်နဲ့ ဆင်တယ်.."

စောက်ချော system(Completed)Where stories live. Discover now