Arc6(6.10)

10.2K 1.4K 48
                                    

[Zawgyi]

{Host..ထတော့လေ..ဒီနေ့ ပြန်မှာမလား..}

{သိဘူးကွာ..moon ၁၀မိနစ်..၁၀မိနစ်လောက် အိပ်ဦးမယ်..}

{Host..ထမှရမှာနော်..Devil ဂိုဏ်းတံခါးရှေ့မှာ အဖွဲ့၃ဖွဲ့ သတ်ပွဲဖြစ်တော့မှာလို့..}

ရှင်း  မျက်စိတွေပြူးကာ..အိပ်ချင်မူးတူးကနေ လုံးဝ နိုးသွားတော့သည်..
{ဘယ် ၃ဖွဲ့လဲ..ငါ့Blood အဖွဲ့ရောက်နေပြီလား.}

{ရောက်တာဖြင့် ကြာလှပြီ..hostအဖေလည်း ရောက်နေတယ်..အခု သတ်ကြတော့မှာ..မြန်မြန်လုပ်..}

{အွင်း..အွင်း..}

ရှင်း ရေချိုးခန်းထဲကို ဒုံးချည်တစ်ခုအလား ပြေးသွားလိုက်တယ်..Moon hostကို မနိုင်ဘူး ဆိုသည့် သဘောနဲ့ လက်ပိုက်ကြည့်လိုက်သည်..တွေးကြည့်ရရင်လေ သူက hostရဲ့ အကူလား နှိုစက်လား မသဲကွဲဘူး..မနက်တိုင်း အာပေါက်မတတ် နှိုးနေရတာ..ဒီလောက် ပျင်းကြောတစ်နေတာ..ရှေ့ကမ္ဘာတွေမှာ mission ဘယ်လိုများ အောင်ခဲ့လဲမသိဘူး..ကြားထဲက ရှောင်လင်ကိုပဲ သနားတယ်..
*နောက်ခါကျ အသံချဲ့စက်ကို host အိပ်တဲ့နား ထားပေးရမယ်..အဲ့တာဆို ငါလည်း လည်ချောင်းမနာတော့ဘူး..host နားအူသွားလည်း မတတ်နိုင်ဘူး..သူ့ထိုက်နဲ့ သူ့ကံပေါ့..*

ရှင်း အထင်းသားကြားနေရတဲ့moon အတွေးတွေကြောင့် နားရင်းပိတ်အုပ်ချင်တဲ့လက်ကို သွားတိုက်တံဆီ အာရုံလွှဲလိုက်ရသည်..မဟုတ်ရင် moon ခေါင်းမွှေးတွေ အကုန်ပြောင်ကုန်မယ်..ရှင်း သွားတိုက်ပြီးတာနဲ့ မျက်နှာကို ရေဆေးလိုက်သည်..အဲ့ဒီအချိန် သူ့ရင်ဘတ်အောင့်လာကာ ထိုးထွက်ချင်နေတဲ့အရာတစ်ခုကြောင့် ဘေစင်နားပြေးကာ အန်လိုက်မိသည်..နာတယ်..သူ့ရင်ဘတ်တွေ တစစီ ဆုတ်ဖြဲခံနေရတဲ့အတိုင်းပဲ..ရှင်း သက်သာလိုငြား အန်လိုက်မိပေမယ့် မြင်လိုက်ရတဲ့အရာတွေက သူ့စိတ်ကို ဟိုးအောက်ထဲထိ ဆွဲချသွားသည်..ဟက်..ကြည့်ရတာ ပြစ်ဒဏ်ပေးပွဲ စပြီနဲ့တူတယ်..

Moon..hostနဲ့ unconnect လုပ်ပြီးမှ သတိရလာတဲ့အချက်တစ်ခုကြောင့် host ရှေ့ ပြန်ထွက်လာခဲ့သည်..
{Host..mission completeဖြစ်....} moon အသံရပ်သွားရသည်..ဘေစင်ဘေးက နံရံကို မှီကာ ရင်ဘတ်ကို ဆုပ်ကိုင်ထားတဲ့ host..တစ်ချက်တစ်ချက် မဲ့သွားတဲ့ မျက်နှာလေးနဲ့ နှုတ်ခမ်းကို ကိုက်ကာ တစ်ခုခုကို အတင်းထိန်းချုပ်ထားရသည့်နှယ်..နဖူးပြင်တစ်ဝိုက်မှာ ချွေးလေးတွေ စို့နေလျက်..

စောက်ချော system(Completed)Where stories live. Discover now