Real life 2

8.8K 1.1K 41
                                    

[Zawgyi]
🐼🐼🐼🐼🐼🐼
🎋🎋🎋🎋🎋🎋

"ဖုန်းဟွား..!!"

ကိုကို့ဆီ ပင်လယ်စာတွေ သယ်အလာ ခေါ်သံကြောင့် သူမခြေလှမ်းတွေ ရပ်တန့်သွားသည်..ထို့နောက် သူမဘေးကို ရောက်လာတဲ့ လူ၁ယောက်..
"အကို ကျန်းရွှမ်.."

"အင်း" ကျန်းရွှမ် ခေါင်းညိမ့်ပြလိုက်ရင်း ဖုန်းဟွားလက်ထဲက အထုပ်တွေကြောင့် ဇဝေဇဝါ ဖြစ်သွားသည်..
"ဒါတွေက.."

သူမလက်ထဲက အထုပ်တွေကို လက်ညှိုးထိုးရင်း မေးလိုက်တဲ့ အကိုကျန်းရွှမ်ကြောင့်..
"အော်..ကိုကို့အတွက်လေ..လာ..အကိုကျန်းရွှမ်..သွားရအောင်..ကိုကို ဗိုက်ဆာနေပြီ.."

ဖုန်းဟွား..လက်ဆွဲခေါ်ရာနောက် ယောင်တောင်တောင် ပါသွားရသည်..ဘာတွေဖြစ်နေလဲ တစ်ယောက်ယောက်ရှင်းပြကြပါလား..

ဖုန်းဟွား..အကိုကျန်းရွှမ်ကို ဆွဲခေါ်လာနေရာက တစ်နေရာအရောက် မြင်လိုက်ရတဲ့အရာကြောင့် ဒေါသထွက်သွားရသည်..

"တောက်..!! အခုထိ ရှိနေရဲသေးတယ်ပေါ့.."

"ဖုန်းဟွား..ဘာဖြစ်လို့လဲ.."

"အကိုကျန်းရွှမ်..ဒီအထုပ်တွေကို ကိုကို့ဆီ ယူသွားပေးပါလား..ညီမ ရှင်းစရာရှိလို့.."

သူ..ခေါင်းညိမ့်လိုက္မိလားတော့ မသိ..လက်ထဲတော့ အထုပ်တွေ ရောက်လာတာပဲ..အောက်ပြုတ်မကျအောင် ထိန်းလိုက်ရတာနဲ့ ဖုန်းဟွားကို တားဖို့ မမှီတော့ပေ..

ဒါပေမယ့် စိတ်ပူစရာမရှိပါဘူး..killer အရင်ခေါင်းဆောင်ရဲ့ သမီးပဲ..ငယ်ငယ်ကတည်းက အပြင်းအထန်လေ့ကျင့်ပေးခံခဲ့ရတဲ့ သူမအတွက် ဒဏ်ရာရဖို့က နည်းပါတယ်..တစ်ဖက်က သေနတ်ပါလာရင်တော့ တစ်မျိုးပေါ့..အခုက ပါမှာမဟုတ်ပါဘူး..ဆေးရုံကို သေနတ်ယူလာတဲ့သူဘယ်လိုလုပ် ရှိမှာလဲ..

ကျန်းရွှမ်..ဖုန်းဟွားကို တားဖို့မလုပ်တော့ဘဲ မင်းယွမ်ဆီ ထွက်လာခဲ့သည်..ခုနက ဖုန်းဟွားပြောတယ်လေ..မင်းယွမ်လေး ဗိုက်ဆာနေပြီတဲ့..သူ နောက်ကျသွားလို့မဖြစ်ဘူးလေ..အထုပ်တွေကို တစ်ဖက်စီဆွဲကာ VVIP room 7 ကို လျောက်လာခဲ့တယ်..

မင်းယွမ်..ဖုန်းဟွားသယ်လာမယ့် ပင်လယ်စာတွေကို မျော်နေရတာ လည်ပင်းတောင် ရှည်တော့မယ်..
"ဖုန်းဟွား ဘာလို့ မလာသေးတာလဲ..ဗိုက်ဆာပါပြီဆို.."

စောက်ချော system(Completed)Where stories live. Discover now