Between life 12 Final

9.4K 1.1K 96
                                    

[Zawgyi]
🦊🦊🦊🦊🦊🦊
🌺🌺🌺🌺🌺🌺

"အခု ဘယ်လိုလုပ်ကြမလဲ.."

နတ်ဘုရားတွေ ကုသဆောင်ရှေ့မှာ..ခေါင်းချင်းဆိုင်ကာ ဆွေးနွေးနေကြသည်..အထဲမှာတော့ နတ်ဘုရားမအန်းညန်က ကောင်းကင်သခင်ကို ကုသပေးနေသည်..အရေးကြီးတဲ့အချိန်ရောက္မှဟိုသမားတော်အဘိုးကြီးကလည်း မရှိဘူး..

တကယ်လို့ ကောင်းကင်သခင်သာ သေဆုံးသွားရင် နတ်ဘုရားတွေ ဘယ်လိုလုပ်ကြမလဲ..သူတို့ရဲ့ သေခြင်းရှင်ခြင်းက ကောင်းကင်သခင်ရဲ့အပေါ် မူတည်တယ်လေ..

"ကောင်းကင်သခင် မသေလောက်ပါဘူးနော်.."

"ကောင်းကင်သခင်တော့ မသိဘူး..ကြင်ယာတော်တော့ ဝိညာၪၸ်ောကၼွာ သေချာတယ်.."

"ဟုတ်တယ်..သေမင်းတံခါးဝကနေ ပြုတ်ကျတဲ့သူမှန်သမျှ အသက်ရှင်ဖို့ ဖြစ်နိုင်တာမဟုတ်ဘူး.."

"ဒါနဲ့ ကြင်ယာတော်က သန္ဓေသားရှိနေတယ်လို့ ကြားတယ်..သနားပါတယ်.."

"ဘာသနားစရာကောင်းတာလဲ..အဲ့ကောင်ကြောင့်သာ မဟုတ်ရင် ကောင်းကင်သခင် ဒီလိုဖြစ်မှာမဟုတ်ဘူး..နမိတ်မကောင်းတဲ့ကောင်..ဘယ်လောက်ဘဲ နတ်ဘုရားဖြစ်ဖြစ် အဆင့်မရှိတဲ့ လူသားကောင်ပဲ..ဘယ်သတ္တိနဲ့များ ကောင်းကင်သခင်ကို အပိုင်သိမ်းရဲတာလဲ.."

Moon..ကြားလိုက်ရတဲ့စကားကြောင့် ဒေါသထွက်သွားသည်..
"အပြောဆိုဆင်ခြင်ပါ မီးနတ်ဘုရားမ..အဲ့တာ ကောင်းကင်သခင်ရဲ့ ကြင်ယာတော်လောင်းပါ.."

ဟော်မေ့..သူမကို ပြိုင်ပြောလာတဲ့ နတ်သူငယ်ကြောင့် မျက္နှာရှုံ့ပစ်လိုက်ကာ
"ဟွန့်..ဘာကြင်ယာတော်လဲ..လူသားကနေ နတ်ဘုရားဖြစ်လာတဲ့ကောင်က ငါတို့ရဲ့ အရှင်မ ဖြစ်နိုင်မယ်ထင်လား..ယောက်ျားလေးဖြစ်ပြီး အရှက်ကိုမရှိဘူး..ကလေးက မွေးဦးမယ်..ကောင်းကင်သခင်က ဘာတွေစဉ်းစားနေမှန်းမသိဘူး.."

ဟော်မေ့..အဲ့လူသားကို မုန်းတယ်..သူမရဲ့ အလှကို မမြင်ဘဲ ဘာလို့ ရှဲ့ က အဲ့ကောင်ကို ရွေးရတာလဲ..အမှန်ဆို အဲ့ကြင်ယာတော်နေရာက သူမအပိုင်ဖြစ်ရမှာ..ပြီးတော့ အဲ့ကောင်က ဘာလို့ သူမထက် လှနေရတာလဲ..ရှဲ့..ကျွန်မ ရှင့်ဘေးမှာ ရှိပေးမယ်..မယုံဘူး..ရှဲ့က အဲ့လူသားကို တကယ်ချစ်လိမ်မယ်လို့..ကျွန်မရဲ့အလှအပတွေနဲ့သာ ရင်းနှီးသွားရင် ကျွန်မဆီ ရောက်လာမှာပါ..ကျွန်မရဲ့ ရှဲ့....

စောက်ချော system(Completed)Where stories live. Discover now