Arc5(5.8)🚨🚨🚨

16.8K 1.7K 69
                                    

[Zawgyi]

ဝမ်သခင်ကြီး..ပွဲလယ်ရောက်တဲ့ထိ ပြန်မလာသေးတဲ့သားဖြစ်သူကြောင့် ထိုင်ရာက ထထွက်သွားရမလိုဖြစ်နေသည်..ဒါပေမယ့် ထလို့မရ..မင်းကြီး ပြန်မ
ကြွသေးဘဲ ပြန်ခွင့်မှမရှိတာ..ပြီးတော့ သူက အခွင့်ထူးခံလူတန်းစားဖြစ်တဲ့ အိမ်ရှေ့စံနဲ့ ကြင်ယာတော်လည်းမဟုတ်ဘူး..

ထိုင်နေလေ ချွေးပြန်လာလေပဲ..ရွှယ်လေးက သူ့ရဲ့တစ်ဦးတည်းသောသား..သူသာ မရှိရင်ရှေ့ဆက်လုပ်ရမယ့်သူ့ကိစ္စတွေ ဘယ်လိုလုပ်ရမှာလဲ..သူတွေးနေစဉ်မှာပဲ..ပေါ်လာတဲ့သားဖြစ်သူကြောင့် လက်ဆွဲကာ သူ့နားထိုင်ခိုင်းလိုက်သည်..

ဒါပေမယ့် သားဖြစ်သူရဲ့ ရှုပ်ပွနေတဲ့ဆံပင်တွေ ညစ်ပတ်နေတဲ့အင်္ကျီတွေနဲ့ မျက်နှာပေါ်က မျက်ရည်စီးကြောင်းကိုမြင်တော့ မျက်မှောင်ကြုံ့လိုက်ကာ..
"ဘာဖြစ်လာတာလဲ..ညစ်ညစ်ပတ်ပတ်နဲ့.."

"ဘာ..ဘာမှမဖြစ်ပါဘူး..အဖေ..လမ်းမှာ ချော်လဲလာလို့ပါ.." လို့ပြောပြီး ဝမ်ဟွားရွှယ် သူ့လက်ကို တင်းတင်းဆုပ်ထားလိုက်သည်..သူ့မျက်လုံးတွေကတော့
ဂနာမငြိမ်ဖြစ်ကာ ခြောက်ချားနေသည်.

ဝမ်သခင်ကြီး..သားဖြစ်သူရဲ့စိတ်လွတ်နေတဲ့ပုံစံကြောင့် ခေါင်းရမ်းလိုက်မိသည်..ကြည့်ရတာ ရှမုကျိုးကို ဆွဲဆောင်တာ မအောင်မြင်ခဲ့ဘူးထင်တယ်..ငိုလာပုံပါထောက်ရင်..ဟိုက တစ်ခုခုဆိုးဆိုးဝါးဝါးပြောလိုက်တယ်ထင်တယ်လို့တွေးကာ သူ့စိတ်အလုံးစုံက တင်ဆက်ဖျော်ဖြေပွဲဆီ ရောက်သွားသည်..

ချူးမင်အိုက်..အကမယ်တွေ ဖျော်ဖြေနေတဲ့ထဲ စိတ်မရောက်နိုင်..သူ့ဘေးနားရပ်နေတဲ့အထိန်းတော်မိုကိုကြည့်ကာ..
"အထိန်းတော်မို..ရိလေး အခုထိပြန်မလာသေးဘူး ခါတိုင်းဆို ပွဲပြီးတဲ့ထိရှိပါတယ်..တစ်ခုခုများဖြစ်နေလား.." လို့ မင်းကြီးအမေးကို 'အိမ်ရှေ့စံလို ရက်စက်တဲ့ကောတစ်ယောက်ကို ဘယ်သူက ဘာလုပ်ရဲမှာမလို့လဲ..' လို့ စိတ်ထဲကနေပြောနေပေမယ့် လက်တွေ့မှာတော့ သူ့ပါးစပ်ကနေ တခြားစကားတွေသာ ထွက်လာသည်..
"အိမ်ရှေ့စံက စိတ်အိုက်နေလို့ထင်ပါတယ်..ကျွန်တော်မျိုးသွားစစ်ပေးရမလား.."

ချူးမင်အိုက်..အထိန်းတော်မိုစကားကြောင့်..သဘောမတူချင်တူချင် တူလိုက်ရသည်..
"ကောင်းတာပေါ့..မြန်မြန်သွား..ရိလေးရဲ့ နှင်းနန်းဆောင်ကိုပါ သွားကြည့်ခဲ့..ပြီးရင် ငါကိုယ်တော့်ကို အစီရင်ပြန်လာခံ..သွားလေ..ဘာကြည့်နေတာလဲ.."

စောက်ချော system(Completed)Where stories live. Discover now