Arc6(6.2)

13K 1.5K 53
                                    

[Zawgyi]

"အ့...ရေ...ရေဆာတယ်..."
ရှင်း(စတားဆိုတာ တစ်မျိုးဖြစ်နေလို့ ရှင်းလို့ပြောင်းမယ်နော် အဓိပ္ပါယ်က ကြယ်ပါပဲ) လည်ချောင်းတွေပူကာ နှုတ်ခမ်းက ခွာမရဖြစ်နေတာကြောင့် ရေတောင်းလိုက်မိတယ်..သူ့ပါးစပ်နားတေ့လာတဲ့ ရေစက်လေးတွေကြောင့် အငမ်းမရသောက်လိုက်တယ်..နေရသက်သာသွားတော့မှ မျက်လုံးဖွင့်လိုက်ကာ သူရောက်နေတဲ့နေရာကိုကြည့်ဖို့ထလိုက်တယ်..ဒါပေမယ့် ရင်ဘတ်နေရာက ဆစ်ခနဲ နာသွားတာကြောင့် ကုတင်ပေါ် ပြန်လှဲကာ မှိန်းနေလိုက်တယ်

"ရှင်းလေး ဘာလို့လဲ ထချင်လို့လား..ရေဝရဲ့လား သောက်ဦးမလား.."

ရှင်း..မျက်လုံးဖွင့်ကာ စကားပြောနေတဲ့ဦလေးကြီးကို ကြည့်လိုက်တယ်..ဆံပင်အဖြူ ရောင်နဲ့ စိုးရိမ်နေတဲ့မျက်နှာကြောင့် အထက်အောက်သေချာကြည့်ကာ..
"ဘယ်သူလဲမသိ.."

ရိန်း..သူ့သားရဲ့ကြောင်တောင်တောင် အမေးကြောင့် အပြင်ပြေးထွက်ကာ ဆရာဝန်သွားခေါ်လိုက်တယ်..

ရှင်း နောက်ကခွေးရူးလိုက်သလို ပြေးသွားတဲ့ဦးလေးကြီးကြောင့် မျက်လုံးကလည်ကလည်လုပ်မိလိုက်တယ်..
"ဘာလဲဟ..ဘာဖြစ်သွားတာလဲ.."

{Hostကြောင့်မလို့လေ..ကိုယ့်အဖေကို ဘယ်သူလဲလို့မေးမှတော့ ဟိုက ဆရာဝန်ပြေးခေါ်တာပေါ့..}

ရှင်း သူ့စိတ်ထဲကပေါ်လာတဲ့အသံလေးကြောင့် ဝမ်းသာအားရခေါ်လိုက်တယ်..
{Moon..}

{ဟုတ်ပါတယ်..moonပါ.ခုနက ပြေးသွားတာ host..ဝင်ထားတဲ့ခန္ဓာပိုင်ရှင် စတား ရဲ့ အဖေ ရိန်း..}

{အဲ့တာဆို ငါ မသေဘူးပေါ့..}

moon တုံးရန်ကော ဆိုတဲ့အကြည့်နဲ့ကြည့်လိုက်ကာ..
{မသေလို့ အကောင်လိုက် ငုတ်တုတ် ကုတင်ပေါ်မှာ ထိုင်နေတာမဟုတ်ဘူးလား..သေချာချင်သေးရင် host ပါးတစ်ချက်လောက်ရိုက်ကြည့်..နာရင် အိပ်မက်မဟုတ်ဘူး..အ့...!ဘာလုပ်တာလဲ..}

moon သူ့ပါးလေးကို ကိုင်ကာ hostကို မေးလိုက်
တယ်..ပြန်ဖြေလာတာက မင်းပဲ ပါးရိုက်ကြည့်ဆိုတဲ့.

အံ့ပါရဲ့..ကိုယ့်ပါးကိုယ်ရိုက်ခိုင်းတာကို ဘာလို့ သူ့ပါးလာရိုက်ရတာလဲ..

စောက်ချော system(Completed)Where stories live. Discover now