Arc7(7.6)

10.9K 1.6K 123
                                    

[Zawgyi]

"အ့..လာဗင် နာတယ်.."

"အာ..တောင်းပန်ပါတယ်..ကိုယ် သတိလွတ်သွားလို့.."
လာဗင်..အသေးလေး အသံကြားမှ သူ ဆုပ်ကိုင်ထားတဲ့လက်လေးကို လွှတ်ပေးလိုက်တယ်..လက်ကောက်ဝတ်နားမှာ လက်ချောင်းရာကြီး..လာဗင် ချက်ချင်း ဆေးယူကာ လိမ်းပေးလိုက်တယ်..

ကာစီ..သူ့လက်ကို ကြင်ကြင်နာနာ ဆေးလိမ်းပေးနေတဲ့ လာဗင့်ကိုကြည့်ပြီး စိတ်ထဲ မထင်မကျဖြစ်လာသည်..
"လာဗင်.."

"အင်း.."

"ကျွန်တော့်ကို မေးစရာမရှိဘူးလား.."

"ဟမ်..ဘာမေးရမှာလဲ.."

"...."

"အော်..မီးယက်ကိစ္စဆို စိတ်မပူနဲ့..ကိုယ် အားလုံး ဖြေရှင်းပေးမယ်.."

"မဟုတ်ဘူးလေ..အဲ့တာက..."

"ပြီးပြီ..ကိုယ် ဆွဲတာ တော်တော်ကြမ်းသွားတာပဲ..အသေးလေး နာသွားပြီ.."

"ရတယ်.."

လာဗင်..ပြောရင်းတန်းလန်း ဟိုဘက်လှည့်သွားတဲ့အသေးလေးကြောင့် အနားတိုးသွားလိုက်သည်..
"ဘာဖြစ်လို့လဲ အသေးလေး.."

"ဘာမှမဖြစ်ဘူး..မျက်လုံးထဲ အကောင်ဝင်သွားလို့.."

"ဟုတ်ပြီလေ..သေချာဂရုစိုက်အုံး ဟုတ်ပြီလား.."

"အင်း.."

"အရှင်မင်းကြီး ကျွန်တော်မျိုးကို ဝင်ခွင့်ပြုပါ.."

လာဗင် အခန်းရှေ့က သူ့အထိန်းတော်ဖန့် အသံကြောင့် အသေးလေးနားက ခွာလိုက်ကာ..
"ဝင်ခဲ့.."

အထိန်းတော်ဖန့်..အရှင်မင်းကြီး ခွင့်ပြုချက်ရတာနဲ့ အခန်းဆောင်ထဲ ဝင်လာခဲ့သည်..အခန်းထဲ မျက်စိဝေ့ဝဲကြည့်လိုက်တော့ အရှင်မင်းကြီးအိပ်ရာပေါ်မှာ ဘေးစောင်းထိုင်ကာ မျက်ရည်တွေဝဲနေတဲ့ မြေခွေးလေး..သူ သိပါတယ်..ဥယျာဉ်တော်မှာ ဖြစ်ခဲ့တဲ့ကိစ္စကို..ဘာလို့ဆို အရှင်မင်းကြီးနောက်ကနေ သူ ပါလာတယ်လေ..အထိန်းတော်ဖန့် မြေခွေးလေးဆီက အကြည့်ခွာလိုက်ကာ အရှင်မင်းကြီးရှေ့ ရပ်လိုက်သည်.
"အရှင်မင်းကြီး..အမတ်ကြီးယန်က ညီလာခံလုပ်မလို့ပါတဲ့..အရေးကြီးလို့ပါ လို့ပြောတယ်..အမှုကိစ္စပါတဲ့.."

စောက်ချော system(Completed)Where stories live. Discover now