Between life 1

13.1K 1.3K 51
                                    

[Zawgyi]🌸🌸🌸🌸🌸

"လာပြီလား ကြင်ယာတော်လေး..မင်းကို စောင့်နေတာ..ကိုယ်တော့်နောက်လိုက်ခဲ့..ဝူလေး လာ.."

*🙄ငါ့ကိုကျ မျက်နှာထားတည်ပြီး သူ့ချစ်သူကို ပြောတာကျ ပြုံးချိုနေတာပဲ..မျက်နှာပြောင်းတာ ၁စက္ကန့်တောင် မကြာဘူး..သောက်အတွဲတွေ..*
မင်းယွမ်..စိတ်ထဲကနေ မဲ့ရွဲ့တွေးလိုက်ရင်း သူ့ထုံးစံအတိုင်း ရှောင်လင်တို့အတွဲကို ဆဲမိသွားသည်..ဒါပေမယ့်လည်း စိတ်လျော့ရမယ်မလား..သူ့လူကြီးရဲ့ ညီဆိုတော့လည်း သည်းခံရမှာပေါ့..

မင်းယွမ်..လမ်းတစ်လျောက်က ရှုခင်းတွေကို ငေးလာမိသည်..သူ ခုနက ဝင်လာတဲ့မုဒ်ပေါက်ကနေစပြီး ဒီအထိ လျောက်လမ်းအရှည်ကြီး..ရွှေရောင်တောက်နေတဲ့ ငှက်လေးတွေ ပျံဝဲနေသည်..မုဒ်ပေါက်ဝမှာ နတ်စစ်သည်တွေက စောင့်ကြပ်နေသည်..ကောင်းကင်မှာ ကြယ်စင်တွေ လင်းလက်တောက်ပနေကာ အရောင်တွေ လက်နေသည်..

*ဟမ့်.!.ကြယ်စင်တွေ..မုန်းစရာကောင်းလိုက်တာ..*
မင်းယွမ်..စိတ်ထဲကနေ မကျေမနပ် ရေရွတ်လိုက်တယ်..သူ အရင်က အကြိုက်ဆုံးတွေထဲမှာ ကြယ်လေးတွေ ပါတယ်..မှိတ်တုတ် မှိတ်တုတ်နဲ့..အရမ်းသဘောကျခဲ့တာ..ဒါပေမယ့် ဟိုမိန်းမဘွဲ့နာမည်မှာ
ကြယ် ဆိုတဲ့စာလုံးပါနေမှတော့ ဒီကြယ်တွေကို မုန်းသွားပြီ..

ဒီကမ္ဘာကနေ ကြယ်တွေကို ဖယ်ထုတ်ပစ်ရင် ကောင်းမလား..လို့ ရူးရူးနှမ်းနှမ်းတွေးလိုက်မိရင်း ကိုယ့်အတွေးကို သဘောကျစွာ ရယ်လိုက်တယ်..နောက် ဘေးဘီကို ပြန်အာရုံစိုက်လိုက်သည်..

ရွှေရောင်တဖိတ်ဖိတ်နဲ့ နန်းဆောင်တွေ..မျက်စိကန်းအောင်ထိကို တလက်လက် ထနေတယ်..ရွှေတွေ တော်တော်သုံးထားပုံရတယ်..နတ်ဘုရားတွေရဲ့..ဗိသုကာပညာရှင်တွေက မဆိုးဘူးပဲ..ဒါပေမယ့်..သူတို့လူ့လောက,က အင်ဂျီနီယာတွေနဲ့တော့ မယှဉ်နိုင်သေးဘူး..ဘယ်နှယ့်..ဆင်းရဲလိုက်တာ..နန်းဆောင်တွေတောင် တစ်ထပ်ဆောင်လေးတွေနဲ့..ရွှေတွေကျ အပြည့်ချထားပြီးတော့..နည်းပညာမရှိ ဘာမရှိနဲ့..သူတို့ကမ္ဘာက အင်ဂျီနီယာတွေဆီ နတ်ဘုရားငယ်လေးတွေကို ပညာသင် လွှတ်ပေးရမှာ..

ဟော..နာရီစင်က ရှိသေးတယ်..နတ်ဘုရားတွေကတော့လေ.. လူ့ပြည်လာပြီး လက်ပတ်နာရီတော့ လာမဝယ်ကြဘူး..အခုက ဘယ်နှစ်ရာစုရှိနေပြီလဲ..ခေတ်အောက်လိုက်တာ..

စောက်ချော system(Completed)Where stories live. Discover now