Real life 14

9.2K 1.1K 90
                                    

[Zawgyi]

🍟🍕🥪🥙🍱🍵

လူ၁စု ကောင်းကင်ထက္မှာ ရပ်နေကာ အောက်တည့်တည့်က ဂိုဒေါင်ထဲကို စိုက်ကြည့်နေကြသည်..

သူတို့အကြည့်တွေကတော့ ဂိုဒေါင်ထဲက ကြိုးတုပ်ခံထားရတဲ့ လူသားဆီမှာ ဝဲနေလျက်..

ချွေ့မင် သတိမေ့နေတဲ့ ကြင်ယာတော်လေးကို ကြည့်လိုက်သည်..

အကိုတော်က သတိကြီးပြီး ကြင်ယာတော်နောက် သူ့ကို လိုက်ခိုင်းလိုက်တာ အဆင်ပြေသွားသည်..

ဒီနေ့ အကိုတော်တို့ ဝတ်စုံ စမ်းဝတ်ပြီး အိမ်အရောက္မှာ အပြင်ပြန်ထွက်သွားတဲ့ကြင်ယာတော်ကြောင့် ချွေ့မင် ကိုယ်ပျောက်သက်တော်စောင့် ဖြစ်သွားရသည်...

အကိုတော်အမိန့်ပေးထားတယ်လေ..ကြင်ယာတော် တစ်ယောက်ထဲ အပြင်သွားရင် ဘယ်နေရာဖြစ်ဖြစ် လိုက်သွားရမယ်တဲ့..

ဒါပေမယ့် အဲ့အမိန့်ပေးပြီးကတည်းက အကိုတော်က ကြင်ယာတော်နားက မခွာ..ဘယ်သွားသွားလိုက်နေတာကြောင့် သက်တော်စောင့်လုပ်ဖို့ အခွင့်မသာ..

အကိုတော်က ကြင်ယာတော်လေးကို အိမ်သာတက်တာတောင် အလွတ်မပေးပေ.

ဒီတစ်ခေါက်ကတော့ ကြင်ယာတော်လေး တစ်ယောက်တည်းဖြစ်တာကြောင့် ချွေ့မင် အဖော်လိုက်သွားရသည်..

စံအိမ်နဲ့ အနီးဆုံး ရေခဲမုန့်ဆိုင်ထဲ ဝင်သွားတဲ့ကြင်ယာတော်ကြောင့် သူ့တူလေး၂ယောက်အတွက် မုန့်သွားဝယ်တာမှန်း သိလိုက်သည်..

ပြသာနာက အပြန်လမ်းမှာ ဖြစ်လာသည်..အမည်မသိလူတစ်စုက ကြင်ယာတော်လေးကို မေ့ဆေးအုပ်ပြီး ဖမ်းခေါ်သွားသည်..

အကိုတော့်ကို အကြောင်းကြားဖို့ကလည်း လိုက်သွားမှ နေရာသိမှာမလို့ ကြင်ယာတော်နောက် အရင်လိုက်သွားရသည်..

သူ ထင်တဲ့အတိုင်းပဲ..မင်းယွမ်လေးကို ဖမ်းလာတာက ကျန်းရွှမ်ဆိုတဲ့ အကောင်စုတ်လက်ချက်ပဲ.

နေရာသိတာနဲ့ ချက်ချင်းပဲ ဝူလေးတို့ ၃ယောက်ကို လှမ်းခေါ်လိုက်သည်..

ချွေ့မင် ဝူလေးတို့နဲ့ အကြည့်စုံသွားသည်..

ရှောင်လင် အကုန်လုံးကို တစ်ချက် ဝဲကြည့်လိုက်သည်..

စောက်ချော system(Completed)Where stories live. Discover now