Between life 2

11.6K 1.2K 15
                                    

[Zawgyi]🌸🌸🌸🌸🌸

"ဟေး..ဟိုးနေ့က ဖြစ်ခဲ့တဲ့ကိစ္စကို ကြားပြီးကြပြီလား.."

"ကြားပြီးတာ ကြာပေါ့ဗျာ..ကောင်းကင်သခင် နဲ့ ဝိညာဉ္တို့ရဲ့ အရှင်က ဟိုမိစ္စာကောင် နတ်ဆိုးသခင်ကို သွေးသောက်ညီကို ဖွဲ့လိုက်တဲ့အကြောင်းမလား.."

"ဟုတ်ပါ့ဗျာ..ရှေးဟောင်းနတ်ဘုရား၂ပါးက ဘာတွေစဉ်းစားနေကြလဲမသိဘူး.."

ပိုင်လင်..အေးဆေးအိပ်နေရာကနေ ပိတ်ထားတဲ့သူ့မျက်လုံးတို့ ဖွင့်လာသည်..ဒီအကြောင်းတွေချည်းကြားနေရတာ ဘယ်နှစ်ခါလောက်ရှိနေပြီလဲ..

အင်းပေါ့လေ..နတ်ဘုရားလောကမှာ သူ့သခင်နဲ့ ချွေ့မင်အကြောင်းက ပုံပြင်တစ်ခု ၊ ဒဏ္ဍာရီတစ်ခုလို တည်ရှိမှုကိုး..စိတ်ဝင်စားကြတာပေါ့..အင်းး ဒီအကြောင်းပြောနေကြတာ ဘယ်တော့များမှ ပိတ်ကြမှာလဲ..အိပ်ကောင်းချင်း မအိပ်ရပါလား..

ပိုင်လင်..အကြောဆန့်ကာ အဇူရာသစ်ပင်ပေါ်ကခုန်ဆင်းလိုက်သည်..

ဝေဖန်အကဲဖြတ်နေကြတဲ့ နတ်သူငယ်လေးတွေ ရုတ်တရပ် သူတို့အပေါ်က ကျလာတဲ့နတ်ဘုရားတစ်ပါးကြောင့် အသံတွေတိတ်ကုန်ရာက မြင်ရတဲ့ရုပ်ရည်ကြောင့် နဂိုက အပြစ်တင်ချင်သလိုဖြစ်နေတဲ့စိတ်နေရာမှာ ကြောက်ရွံ့တုန်လှုပ်ခြင်းတွေ အစားထိုး ဝင်ရောက်လာသည်..

အားလုံးလိုလို တွေးလိုက် မိတာက

*ငါတို့တော့ သေပြီ..*

နတ်သူငယ်လေးတွေ အချင်းချင်း ဟိုထိုးဒီထိုးလုပ်နေကြသည်..သူတို့ရှေ့ကနတ်ဘုရားက ကောင်းကင်သခင် နဲ့ ဝိညာဉ်အုပ်ချုပ်သူတို့ ပြီးရင် စွမ်းအားအကြီးဆုံးလေ..သက်တမ်းအရင့်ဆုံးဆိုလည်း ဟုတ်တယ်..သူတို့နတ်သူငယ်လောကမှာ ဒီနတ်ဘုရားကို နာမည်ဝှက်ပေးထားတာက 'ဝဇီပိတ်နတ်ဘုရား' ဆိုပြီးပေါ့..ဘာလို့ဆို နှစ်၁ထောင်နေလို့ စကားပြောတာက အခွန်း၂၀၀ တောင်မရှိဘူး..

နှုတ်ပိတ်နေသလောက် စိတ်ကလည်း ကြီးသေးတယ်.. အားလုံး အတွေးကိုယ်စီနဲ့ အလုပ်ရှုပ်နေကြစဉ် ရှေ့က နတ်ဘုရားက တဖြည်းဖြည်းမျက် မှောင်ကြုံ့လာတာကြောင့် အနည်းငယ် သတ္တိရှိတဲ့ နတ်သူငယ်လေးက ရှေ့ထွက်ကာ အရိုသေပေးလိုက်သည်..

စောက်ချော system(Completed)Where stories live. Discover now