Arc4(4.9)🚨🚨🚨

16.3K 1.7K 25
                                    

[Zawgyi]

စီဆာ..စိတ်လှုပ်ရှားစွာနဲ့ပဲ..သူ့ရှေ့ကကောင်လေးကိုကြည့်လိုက်တယ်..ခေါင်းငုံ့ နှုတ်ခမ်းလေးကိုက်ကာ သူ့လက်သူပွတ်သပ်နေတဲ့သူကြောင့်..သူလည်းစိတ်လှုပ်ရှားနေမှန်း စီဆာသိလိုက်တယ်

*ကလေးက ငယ်ငယ်တုံးကအတိုင်းပဲ အကျင့်မပျောက်သေးဘူး*
စီဆာ..တိတ်ဆိတ်နေတဲ့အခြေနေကို သူ့ဘက်က စ
ပြီး ဖြိုခွဲလိုက်တယ်..

"ကလေး..ကိုယ်တောင်းပန်ပါတယ်..ကိုယ်လေ ကလေးကိုမျော်နေတာပါ..ကိုယ်တို့စကွဲသွားတဲ့အချိန်ကတည်းက ခုထိ ကိုယ့်ရင်ထဲကလေး၁ယောက်ပဲရှိတာပါ..ကလေး..မယုံဘူးဆိုတာသိပါတယ်..ကိုယ် ဟိုကောင့်ကို ကလေးဆိုတဲ့အတွေးနဲ့ နီးစပ်ခွင့်ပေးခဲ့တာပါ တောင်းပန်ပါတယ်...ကိုယ်.."

မီးကပ်စ်..ပြောရင်းတန်းလန်းရပ်သွားကာ ငိုနေတဲ့ကိုကို့ကြောင့် သူ ဝမ်းနည်းနေတာတောင် ပျောက်သွားသည်..ကိုကိုက သူ့တစ်ကမ္ဘာလုံးပါ အစက တ ခြားသူကိုချစ်နေတာမို့ မကျေနပ်ဖြစ်မိပေမယ့် အခုကိုကို့စကားကြားတာနဲ့တင် သူခွင့်လွှတ်ပေးနိုင်တယ်

"ဟာကွာ..ခွပ်..!!"

မီးကပ်စ်..အတွေးလွန်နေတုံး အသံကြားမှမော့ကြည့်လိုက်တော့..ကိုကို့လက်မှာသွေးတွေ..

"ကိုကို..လက်သွေးတွေ..ဟာ..ကိုကိုရာ ကလေးလည်းမဟုတ်ဘဲနဲ့..ကိုယ့်ဘာသာ ဒဏ်ရာရအောင်လုပ်ရလား..သွေးတွေထွက်နေပြီ..လာ..ဆေးလိမ်းရအောင်..နောက်ခါဒီလိုမလုပ်နဲ့နော်..ကိုကိုက အမြဲစိတ်ပူရအောင်လုပ်နေတာပဲ...အ့...လူကိုဘာလို့အတင်းလာဖက်နေတာလဲ.."

"အာ..Sorry.ကလေး..နာသွားလား..ကိုယ် ပျော်
သွားလို့ပါ.."
သူပြောနေတာကို..အခုထိပြန်မဖြေတဲ့ကလေးကြောင့် သူ့ကိုမုန်းသွားပြီထင်ပြီး စိတ်တိုတိုနဲ့ နံရံကိုထိုးပစ်လိုက်ကာ ကိုယ့်ကိုယ်ကို ဒဏ်ပေးလိုက်သည်..ဒါပေမယ့်..ကလေးဆီက ကိုကိုဆိုတဲ့ အသံနဲ့အတူ စိုးရိမ်နေတဲ့လေသံနဲ့ အပြစ်တင်စကားကြောင့် သူ့ဒဏ်ရာတောင် ပျောက်သွားသလိုပင်.

နောက်ဆုံးပြောလိုက်တဲ့ စိုးရိမ်တယ်ဆိုတဲ့စကားလည်းကြားရော သူ့စိတ်သူ မထိန်းချုပ်နိုင်တော့ဘဲ..ကလေးကို ဖက်လိုက်သည်..သူ့ကလေးက အရမ်းနုတယ်..အခုလည်းကြည့်လေ..သာသာလေးဖက်လိုက်တာတောင် မျက်နှာကြီးကိုမဲ့လို့..စီဆာ..မနေနိုင်ဘဲ..မျက်နှာလေးကိုဆွဲညှစ်လိုက်သည်..

စောက်ချော system(Completed)Where stories live. Discover now