{Unicode🌾}
အပိုင်း (၃၆)မောင်သာလျှင်
ဒီအဖေနဲ့ ဒီသားအကြား
ကျွန်တော် ရူးသွပ်တော့မယ်
ကျွန်တော်က နှစ်ယောက်လုံးအတွက်
ရှိတယ်လေ...
ဘာကြောင့် ကျွန်တော့်ကို လုနေရတာလဲ??****
ယခင်အပိုင်းမှ အဆက်
{Warning: this chapter is not suitable for some my readers cuz some adult scene and smutty words. If you don't like, please skip it}
ညသည် အေးသည်...။ ညဥ့်လေအေးအေးကတော့ သုန်ဖြူးဆော်သွေးနေသည်....။ ရိုးပြတ်များမှ ဖြတ်သန်းတိုက်ခတ်လာသော ညဥ့်လေအေးက စိုထိုင်းမှု အနံ့ကို ရနေသည်....။ တတ်နိုင်သမျှ မောင့်ကို မကြည့်ဘဲ မျက်လုံးကိုသာ မှိတ်ထားသည်...။ ဒီနေရာသည် ကျွန်တော့်အတွက် ပထမဆုံးဟူသော အရာကို မောင်ရယူခဲ့သည်မို့.....။
မောင်ကတော့ အတန်ကြာ ကျွန်တော့်လည်တိုင်ကို စုပ်ယူငုံထွေးနေရာမှ ရုတ်တရက်ဆိုသလို အနမ်းတို့ ရပ်တန့်သွားပြီး မျက်နှာအပေါ် တိုက်ရိုက်ထိတွေ့လာသော မောင့်နှာခေါင်းမှ လေပူငွေ့ကြောင့် မောင့်ကျွန်တော့်ကို အနီးကပ်ဆုံး ငေးကြည့်နေပုံရသည်....။
သို့သော် မကြာလိုက် မျက်ခွံပေါ်သို့ ကျရောက်လာသော ခပ်နွေးနွေး အရာတစ်ခုက နူစညံ့စွာနဲ့ပင်...။ မကြာမီပင် ကျွန်တော့်နူတ်ခမ်းပေါ်သို့ ထိကပ်လာသော မောင့်နူတ်ခမ်း နွေးနွေးများ ၊ ထို့နောက် ကျွန်တော့်မေးဖျားသို့ လာရောက်ထိတွေ့သော မောင့်အငွေ့အသက်များ.....။
"ဘာလို့ မျက်လုံးတွေကို မှိတ်ထားတာလဲ?"
မောင့်အသံက ညင်သာ တက်ကြွမှု အပြည့်ဖြင့်ပင် ကျွန်တော့်နားထဲသို့ တိုးဝှေ့လာသည်...။ ထို့နောက် အတင်းဖိမှိတ်ဖို့ ကြိုးစားခဲ့သော မျက်ဝန်းတို့အား ဖွင့်မိစဥ်မှာတော့ မောင်က အပေါ်စီးမှ မိုး၍ ကြည့်နေသည်.....။ ထို့နောက် ကျွန်တော့်လည်တိုင်သို့ ပြန်လည်တိုးကပ်လာပြီး ကိုယ်ခန္ဓာပေါ်မှ အင်္ကျီအား တစ်စ တစ်စဖြင့် မောင်က ဖယ်စေပြီး အဝတ်ကင်းလွှတ်နေသော ကျွန်တော့်ခါးမှ ပွေ့သိမ်း၍.....။
YOU ARE READING
ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2
Randomကျွန်တော်က ခင်ဗျားကို ချစ်ဖို့ မွေးဖွားလာတဲ့ ဂျစ်ကန်ကန်ကောင်လေး..။ ခင်ဗျားကို မုန်းဖို့ဆိုတာ ကျွန်တော်အတွက် ဘယ်တော့မှ ဖြစ်တည်မလာတဲ့ စကားလုံးတစ်ခု...။