အပိုင်း (၄၀) :နားလည်မှု

4.9K 301 4
                                    

အပိုင်း(၄၁)

... နားလည်မှု...

နှစ်အနည်းငယ်အကြာ...

(----) ခုနှစ် (----) ရွာလေး သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့......

နံနက်ပိုင်း ၈နာရီ ၀၉မိနစ်..

"ရောင်ဖြာရေ ...ဒီနှစ်သီတင်းကျွတ်အတွက် ငါတို့မီးစကြာ် လှည့်ချင်တယ်ကွာ"

လှကြီး၏စကားသံ အဆုံး၌ မိမိစဉ်းစားမှုပြုရသည် ။ အခုဆိုလျှင် မိမိသည် ဥက္ကဋ္ဌ ရွာလူကြီးလည်းဖြစ်တာကြောင့် အတန်အသင့်အဘက်ဘက်မှ စဉ်းစားရသည် အင့်ဟာဆိုပြီး ငယ်ငယ်ကလို ဝုန်းဒုန်းကြဲလို့ မရ ရင့်ကျက်လာသည်နှင့်အမျှ စဉ်းစားရတော့မည်...။

"အင်း.. ရတာက ရတယ်...။ ဒါပေမယ့် တော်ကြာအဲ့ပွဲမှာတင် ခိုးပြေးသွားတဲ့ လူတွေရှိရင် ပြဿနာက လာမှာ ...ငါတို့ပဲ ခေါင်းခံ ရှင်းရမှာ"

"အဲ့ဒါကတော့ကွာ ငါတို့ပေးစားလိုက်တာမှ မဟုတ်တာ ။ သူတို့ဘာသာခိုးတာပဲ .... မကြိုက်ချင် ငါတို့ပေးစားရင်တောင် မရပါဘူး... မင်းနှယ်"

"အေးပါကွာ... ငါက စိုးရိမ်လို့ပါ ။ ဒါနဲ့ ညကျရင် ဆီမီးတစ်ထောင် ပန်းတစ်ထောင် အစီအစဉ်ကရော "

"အာ ...အဆင်ပြေတယ်။ ငါတို့ ဆီမီးခွက်တွေ ဝယ်ထားတယ်... ပန်းတွေလည်း စီစဉ်ထားတယ်"

"ဒါနဲ့ နေပါဦး ... မီးစကြာ်ကိစ္စ ငါ့ကိုအခုမှ ခွင့်တောင်းတော့ ....ဒီနေ့တောင် ၁၄ရက်ရှိနေပြီ ဘယ်အချိန် လှည့်မှာလဲ?"

"အယ်... အဲ့ဒါက အကုန်လုံးစီစဉ်ပြီးသား ရွာထဲက ကလေးမလေးတွေက မင်းကိုမပြောရဲလို့.. အဟဲ ငါက ကြားထဲက-"

"သြော် ငါ့ကို အသိပေးရုံတင် ပေးတာပေါ့လေ...။ ကောင်းပြီလေ... ငါကလဲ အခုသိပြီဆိုတော့ မီးစကြာ်လှည့်ခွင့်ကို ပိတ်ပင်တယ်လို့"

"ဟ! အာ... ရောင်ဖြာရာ အဲ့လိုတော့ မလုပ်နဲ့လေ။ မယုံမရှိနဲ့နော် ...အဲ့ကိစ္စ စပြီးစီစဉ်တာ မင်းအသည်းတုံး က စ,တာ ....။ သူက အဲ့လိုပွဲလေးလုပ်ချင်တယ်လို့ပြောတော့.... ငါတို့က ရောင်ဖြာ ခွင့်ပြုပါမလားပေါ့ ...။ဒါပေမယ့် သူက ငါ့တာဝန်ထား မင်းတို့ဆက်လုပ်လို့ ပြောလို့"

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2Where stories live. Discover now