အပိုင်း(၂၃) : မွန်မြတ်ခြင်း

14.8K 1.2K 39
                                    

{Zawgyi🍀}

အပိုင်း (၂၅) : မွန်မြတ်ခြင်း

မွန်မြတ်ခြင်း??
တစ်လောကလုံးကို သာမန်အတိုင်း ရှိစေခဲ့တာ
ခင်ဗျားလွဲလို့...။
အားလုံးကို ပြစ်ပယ်နိုင်ခဲ့တဲ့ ဒီနှလုံးသားကလေ
ခင်ဗျားကိုတော့ ရူးရူးမူးမူးချစ်ပါရဲ့......။
မှန်ကန်တယ် ထင်တိုင်း ကိုယ့်စိတ်ကြိုက်နေခဲ့ပေမယ့်
အခုတော့ တစ်ခုခုဆို ခင်ဗျားကို တိုင်ပင်ချင်လာတယ်...။
မောင်ကလေ... လို့ ခင်ဗျား ခေါ်တိုင်း
ကျွန်တော် ပျော်ဝင်မတတ်......။
မွန်မြတ်ခြင်း အရာကိုတော့ ကျွန်တော် သိပ်ပြီး အကျယ်တပြန့် မသိဘူး......။

သိဖို့လည်း မကြိုးစားဘူး...။
ခင်ဗျားဆိုတာ ကျွန်တော့်အတွက် မွန်မြတ်ခြင်း
အကြောင်းတရားတို့ရဲ့ ပြယုဂ်...။

"မောင်ကလေ......, ဟော ကျွန်တော် အသက်ရှု ရပ်လာမိပြီ... ရင်ဘတ်အတွင်းမှ ပေါက်ထွက်မတတ် နှလုံးခုန်သံကတော့... စည်းချက်လွန်ကဲလို့...။
ခင်ဗျားဆိုတာ... ကျွန်တော့်ကို သေအောင် သတ်နိုင်ပါသော......။

"ရောင်ဖြာ..."

"ဗျာ..."

"နှစ်ကူးတော့မယ်နော်..."

"အခုမှ တပေါင်းလ ရှိပါသေးတယ်ကွာ..."

"အခုတောင် တပေါင်းလပြည့်နေပြီမလား?? တန်ခူးရောင်ဖို့ မဝေးတော့ဘူး..."

"ဟုတ်တယ်... ခင်ဗျားသဘော ဟုတ်ပြီလား??"

"မင်းကလဲ??"

ဒီနေ့ တပေါင်းလပြည့်နေ့ ...။ ရာသီဥတုကတော့ တစ်ခါတစ်ရံ တိုက်ခတ်လာသော ညဥ့်လေကြောင့် အရမ်းကြီး မွန်းကြပ်မနေတော့ငြား ပူအိုက်အိုက်တော့ ရှိပါသည်...။ ညညဆို မောင်က အမြဲတမ်း ကျွန်တော့်ကို စိတ်မချတာမို့ သူပွေ့ဖက်သိပ်ဖို့ပဲ စဥ်းစားသည်...။ ကျွန်တော်ဆိုသည်မှာလဲ နဂိုကမှ အပူဒဏ်ကို သိပ်ပြီး မခံနိုင် ...။ နောက်ပြီး ဂျစ်ကန်ပေါက်စကို လွယ်ထားကတည်းက အရာရာကို အလိုမကျစွာ ရှိသည်...။ လုံးဝကို ရောင်ဖြာ့ အကြိုက် ကွဲပြားစွာပင်...။

တစ်ခါတစ်လေများ ကျွန်တော် အမူအရာပြောင်းလဲသည်က မောင့်အကြိုက် မဟုတ်သည်မို့ ကျွန်တော့်ကို ငြိုငြင်မှာလဲ ဆိုးတော့သည်...။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2Where stories live. Discover now