အပိုင်း (၃၃): သီးသန့်ဖြစ်တည်မှု

11.2K 1.1K 51
                                    


{Unicode🌾}

အပိုင်း (၃၄)
သီးသန့်ဖြစ်တည်မှု

မောင့်အတွက် အချစ်ဆိုတာမျိုးက
သိပ်ပြီး စိမ်းသက်နေခဲ့တာ..။
ခင်ဗျားနဲ့ တွေ့တော့မှ..
ရင်ခုန်သံကို ရှာဖွေနိုင်ခဲ့တာ...
တကယ်ပြောတာပါလေ...
ခင်ဗျားကို ချစ်ရတာဟာ
ဒီလူသားအတွက် တစ်နေ့ထက်တစ်နေ့
ရိုးအီသွားခြင်းမရှိတဲ့
အလိုအလျောက် ဖြစ်ပေါ်မှုတွေပါလေ...။

******

ခင်ဗျားဆိုတာ ကျွန်တော်မြတ်နိူးဖို့ သီးန့်ဖြစ်တည်လားသလား?

ယခင်အပိုင်းမှအဆက်.....။

ကျွန်တော် သုံးယောက် ကြယ်ရောင် လရောင်မြင်ကာမှ အိမ်သို့ရောက်သည်...။ အိမ်ရောက်သည်နှင့် မောင်က ပိစိကို ရေချိုးပေးပြီး သနပ်ခါးလိမ်း အင်္ကျီသေချာ ဝတ်ပေးနေသည်..။ ကျွန်တော်ကလား? မောင်နှင့်သားလေး စားဖို့အတွက် ချက်ပြုတ်နေမိသည်....။ ထင်းစတစ်ချို့နဲ့ အလျှံညီးညီး ထနေသော မီးဖိုကို ငေးကြည့်နေမိရင်း တွေးတောစရာ အတွေးတစ်ချို့က ခေါင်းထဲ တရိပ်ရိပ် ဝင်လာခဲ့သည်....။

ကျွန်တော်ဟာ မောင့်အချစ်ကို တစ်ကြိမ်တစ်ခါများ စော်ကားဖူးသလားပေါ့? ကျွန်တော့်အတွက်နဲ့ မောင် ခဏ ခဏ ငိုကြွေးခဲ့သလို၊ ကျွန်တော်လည်း ငိုကြွေးခဲ့ရပါသည်...။ မောင်ကတော့ ပြတ်သားစွာဖြင့် အရာအားလုံးကို ဖြတ်ကျော်လာခဲ့ပြီး ကျွန်တော့်မှာတော့ အတွေးလွန်မှုများစွာဖြင့်....။ မောင်ကတော့ ငယ်စဥ်ကတည်းက မိဘရင်ငွေ့ကို ကောင်းစွာခိုလှုံကြီးပြင်းခဲ့ရသည်...။ ကျွန်တော်ကရော?

တစ်လောကလုံး ကျွန်တော်ကို ဘယ်လိုပဲ မြင်ပါစေ ကျွန်တော် သိပ်ပြီး စိတ်ထဲ မထားခဲ့သော်ငြား မောင်နဲ့ ပတ်သတ်သော တစ်ချို့တစ်လေသော အရာများကတော့ အဆင်ပြေမှုမရှိတော့....။ မောင့်နဲ့ တစ်နာရီမပြောနဲ့ တစ်မိနစ်တောင် ကျွန်တော် မခွဲနိုင်ပါ....။ အဲ့ဒါကို မောင်က သက်လျာမြတ်နိုးနဲ့ အထင်လွဲခဲ့ပါသည်...။ တကယ်တမ်း ကျွန်တော့်စိတ်ထဲ မောင်တစ်ယောက်တည်းသာ ရှိခဲ့ပါသည်...။ မောင်လိုချင်ရင်လည်း ကျွန်တော် ဆက်ရှိနေပေးဖို့ ၊ မောင်မလိုချင်ရင်လည်း ထွက်သွားပေးဖို့ ကျွန်တော် စိတ်ထဲ တတ်နိုင်သလောက် ကြိုးစားခဲ့ရပါသည်....။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2Where stories live. Discover now