အပိုင်း (၃၇): ဒုတိယ အကြိမ်

12.2K 1K 109
                                    


{Unicode🌾}

အပိုင်း (၃၈)
ဒုတိယအကြိမ်

** ဦးသဝဏ်လွှာ....
မောင်တို့ သားလေးတစ်ယောက်
ထပ်ယူရအောင်ဗျာ**

****

ယခင်အပိုင်းမှအဆက်...

မနေ့က မောင် အချိန်မရှိမှ မိုးရေထဲ ပြန်လာသည်မို့ ဒီနေ့မှာတော့ အိပ်ရာထဲက မထ... ။ သားငယ်ကို ဖက်ပြီး ပြိုင်အိပ်နေသည်...။ သားအဖ သုံးယောက်တည်း ရှိသည့် ဒီအိမ်မှာတော့ မောင်နဲ့ သားလေး အိပ်နေတော့ ကျွန်တော်ကပဲ ထပြီး ထမင်းချက်ရတော့မည်...။

နံနက်စောစောထပြီး မျက်နှာသစ် သွားတိုက်ပြီးသည့်အခါမှာတော့ ဘုရားခန်းဝင်ပြီး သောက်တွေ ရေချမ်းကပ်သည်...။ ထို့နောက် နံနက်စာအတွက် မောင်နှင့်သားလေး ခံတွင်းပေါက်လောက်သော ဟင်းပွဲကို သေချာလေး စဥ်းစားနေမိသည်...။ ထို့နောက် ခြင်ထောင်ထဲမှာ အိပ်ပျော်နေသော မောင်နဲ့သားလေးကို စောင်ခြုံပေးခဲ့ပြီး နံနက်ခင်း ကုန်စိမ်းရောင်းသည့် စျေးသည်များ ရှိရာသို့....။

မိုးလေးက နံနက်အထိ တဖြောက်ဖြောက်နဲ့မို့ ကျွန်တော်မှာ ဝါးထုပ်လေးဆောင်းပြီး ရွာလည်ကိုသာ ထွက်လာမိသည်...။ နံနက်ခင်း မိုးတဖြောက်ဖြောက် မိုးရာသီ ချမ်းတအေးအေးနဲ့ စျေးသည်တစ်ချို့လည်း စိုရွှဲနေသည်...။ ကျွန်တော့်မှာ ဗွက်အိုင်အဖြစ် တင်ကျန်နေသော ရေအိုင်များအား ရှောင်ရှားသွားရင်းမှ စျေးသည် ရှိရာသို့....။ ကျွန်တော် သူတို့အနား ရောက်သွားသည့်နှင့် ဝိုင်းလျက်ရှိနေသော အမျိုးသမီးများအကြား ဝင်ဖို့ မသင့်လေသည်မို့ ဘေးနားကသာ ရပ်ပြီး လူစဲမည့် အချိန်ကိုသာ စောင့်နေမိသည်...... ။

သို့သော် တစ်ယောက်ထွက်သွားပြီး တစ်ယောက် ဝင်လာလိုက်နှင့် ကျွန်တော်မှာ တစ်နာရီလောက် ကြာသည့်အထိ စျေးဝယ်ခြင်းကိစ္စ မပြီးမြောက်သေး...။ အခါတိုင်းက ရောင်ဖြာပဲ စျေးဝယ်တတ်သည်မို့ ကျွန်တော့်မှာ ကျင့်သားမရ ဖြစ်ရသည်...။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2Where stories live. Discover now