အပိုင်း (၁၂) : လှပမှု

16.7K 1.5K 85
                                    

... ဆရာလေး ဂုဏော...
အချစ်ဆိုတာမျိုးက...
ဘာမှ မဟုတ်ဘူး။
ကျွန်တော့်အတွက် အချစ်ဆိုတာ သီးသန့်ရယ်လို့
မရှိပါဘူး...။
ခင်ဗျားကို ဒီအတိုင်း မြင်နေရရင်လဲ
ကျွန်တော်က ချစ်တာပါပဲ...။

*****

ချစ်ဖို့ကောင်းနေရမှာက ခင်ဗျားတာဝန်...
အသည်းပေါက်မတတ် ချစ်ရမှာက ကျွန်တော့်တာဝန်။

At 10:23 PM...

{Zawgyi}

"အယ် ဆရာလေးက အခုထက်ထိ အိမ်ပြန်မလာသေးတာလား? လေးဝေတို့ဆီက ညနေ ငါးနာရီကျော်ကတည်းက ပြန်သွားတာ..."

သီတင်းကျွတ်ပိတ်ရက် ၁၀လုံးသာယာခဲ့သမျှ ဂြိုဟ်ဆိုးက စဝင်လာပြီ ထင်သည်။ အမြဲတမ်း ဆရာလေး ကျွန်တော့်အသိမပေးဘဲ ပျောက်ပျောက်သွားတတ်သည်။ အခုလဲ ထုံးစံအတိုင်း ညနေဘက်ဆို ပျောက်နေတတ်ပြန်သည်။ အမြဲတမ်း အချိန်ကိုက်ပြန်လာတတ်သည်။

တစ်ရက်နှစ်ရက်လဲ မဟုတ်။ အခုဟာက လေး ငါးရက် ရှိနေလေပြီ။ သူပြန်လာသည့်အချိန်တိုင်း ဘာကိုမှ ရေရာစွာ မေးမရ။ အတော်လေးကို အချိုးများ ပြောင်းနေခဲ့ပါသည်။ အရင်မဟုတ် ခပ်စိမ်းစိမ်းအရာများကြောင့် လူက နေမထိ ထိုင်မသာ ဖြစ်လာသည်။ ထားခဲ့သည့် ခံစားချက် ထားခဲ့ခံရသော ခံစားချက် နှစ်ခုလုံးက ကျွန်တော့်အတွက် အဆင်မပြေသည်မို့......။

အခုနောက်ပိုင်း ကျွန်တော့်ကို ဥပေက္ခာပြုလာသည်က သိသာစွာပင် ဆိုရမည်။ ကျွန်တော်ဆိုတာ သူ့အတွက် ရူးမတတ် ဖြစ်ခဲ့လေသော ယောကျာ်းတစ်ယောက်မို့ သူ့အပြုအမူ အသေးအဖွဲကအစ ကျွန်တော့်အတွက် deepဖြစ်လွန်းသည်။ အခုလဲ အတော်လေး ညဥ့်နက်နေပြီ ကျောင်းကပြန်လာပြီး ဘယ်တော့မှ အိမ်ကို ချက်ချင်း ပြန်မလာဘဲ အခုလိုပဲ တစ်နေရာရာသို့ အမြဲရှိနေသည်က ကျွန်တော့်ရဲ့ စိုးရိမ်ရေအမှတ် မြင့်တက်မှုတို့ အရင်းခံပင် ဖြစ်လိမ့်မည်....။

ဆုံးရှုံးမှုဆိုတာ စကားလုံးလေးအဖြစ် သေးဖွဲစွာ ရှိနေပေမယ့် တကယ်တမ်းတော့ ရင်နဲ့ရင်းပြီး နှစ်သက်ခဲ့သူအတွက်တော့ နှလုံးကွဲကြေမတတ် ခံစားရသည် ဟူသော အနက်အဓိပ္ပါယ်ပင်....။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2Where stories live. Discover now