အပိုင်း (၂၉)
... ရင်နှစ်သည်းခြာ....
ချစ်တယ် ......
မောင်ရဲ့ အရာရာလေး*****
ရက်အနည်းငယ်အကြာ....
နေ့လည်ပိုင်း ၁၁နာရီ ၄၅မိနစ်...
"လာ ဒီကို မြန်မြန်လာ...။ ခေါင်း
တွေ ခြောက်အောင် သုတ်ရမယ် ...အလှည့်မသင့်ရင် ...ခင်ဗျားဖျားမှာ...။"သူကတော့ အလုပ်ထဲမှ အမြန် ကျွန်တော့်ကို ရေချိုးဖို့ ခေါ်သည် ။ သူကိုယ်တိုင် ဂရုတစိုက်နှင့် ပွေ့ထိန်းပြီး အစစအရာရာ လုပ်ပေးပါသည်။ အခုလဲ ခေါင်းလျှော်ရေချိုးထားသည်မို့ ရေစိုနေသော ဆံပင်များကို ပုဝါဖြင့် သုတ်ပေးပါသည်...။
"အနေအထိုင် ဂရုစိုက်ဦး... ဗိုက်က တကားကားနဲ့ လျှောက်မသွားနဲ့ ....။ ကလေးတွေနဲ့ ပျင်းလို့ စကားပြောတာ... မပြောနဲ့လို့ မပြောဘူး ..။ ဒါပေမယ့် တစ်ခုခုဖြစ်ရင် ခင်ဗျားလေးပဲ ထိခိုက်မှာ နားလည်လား?"
"ဟုတ်ပါပြီ ရောင်ဖြာရယ်...ငါဂရုစိုက်ပါတယ် မင်းသာ... တောထဲက ပြန်လာပြီး ငါ့ကို မောမောပန်းပန်းနဲ့ လုပ်ပေးနေရတာ... ငါ အားနာတာ"
"အားနာစရာ မလိုပါဘူး..
ကိုယ့်ယောကျာ်းပဲ ကိုယ် ကြိုက်သလိုခိုင်း...။ ဒီနေ့ နည်းနည်း နေမြင့် သွားတယ် ...။ မိုးရာသီဆို ၁၀နာရီချိုးရတယ်""အင်း.. ငါလည်း မချိုးထားမိဘူးလေ...။ မင်း အပြန်ကို စောင့်နေတာ....။ တော်ကြာ... တစ်ခုခုဖြစ်ရင် မင်း ဆူမှာစိုးလို့။"
"ဆူတာ မဟုတ်ပါဘူးဗျာ စိတ်ပူတာပါ ...။ ကဲဗျာ ထားပါတော့ ..လာ သနပ်ခါးလိမ့်မယ် ....။ ဆေးမြစ်စုံကိုတော့.. ခြေလက်တွေ လိမ်းပေးမယ်"
"ရောင်ဖြာ ... ငါ မလိမ်းချင်ဘူး။ အဲ့လိုလိမ်းရင် ငါ့ကိုယ်ငါ မိန်းမတစ်ယောက်လိုမျိုး ခံစားနေရလို့"
သူကတော့ ဘေးနားကနေ သနပ်ခါး သွေးနေရင်းပင် မိမိဘက်သို့ လှည့်ကြည့်ကာ .....။
"သနပ်ခါး လိမ်းတာ ... မိန်းမလို့ ဘယ်သူပြောလဲ?"
"ဘယ်သူမှတော့ မပြောပါဘူး... ဒါပေမယ့်... ငါ အဲ့လိုကြီး ခံစားနေရလို့"
YOU ARE READING
ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2
Randomကျွန်တော်က ခင်ဗျားကို ချစ်ဖို့ မွေးဖွားလာတဲ့ ဂျစ်ကန်ကန်ကောင်လေး..။ ခင်ဗျားကို မုန်းဖို့ဆိုတာ ကျွန်တော်အတွက် ဘယ်တော့မှ ဖြစ်တည်မလာတဲ့ စကားလုံးတစ်ခု...။