အပိုင်း (၃၁) : တစ်ဘဝစာမျှ

11.4K 1.1K 165
                                    

{Unicode🍁}

ပိုင်း (၃၁)

သူခြွေလို့ ကျွန်တော် ကြွေခဲ့တာ
မဟုတ်ပါဘူး...။
သူကိုယ်တိုင်က ကျွန်တော် ကြွေကျရမယ့်
နေရာလေးမို့ပါ ....။

နှစ်ယောက် ကျောခိုင်းသွားသည့်
အိပ်မက်ဆိုတာတောင်
ကျွန်တော် တရေးနိုးတာနဲ့
ထငိုတတ်သေးတာ...
အခုဟာက
တစ်ဘဝစာတဲ့လား?

******

"ရောင်ဖြာ.... ဆရာမကြီးက ငါ့ကို ကျောင်းကို ခဏ ခေါ်ထားတယ်..."

ကျွန်တော့်မှာ မရဲတရဲနဲ့ ပြောမိသည်...။ သူကတော့ သားလေးကို ပိုက်ပြီး ပွေ့ဖက်ထိန်းနေသည်မို့...။ သားလေးကလည်း သူ့ရင်ခွင်ထဲ မျက်လုံးအဝိုင်းသားနဲ့ပင် သူ့အဖေကို ငေးကြည့်နေသည်....။

ကျွန်တော့်ထံမှ ထိုစကားကြောင့် သူ သက်ပြင်းချသည်...။ ထို့နောက် ကျွန်တော့်ကို မကြည့်ဘဲ ပြောလာသည်က...

"စာပြန်သင်ဖို့ ခေါ်တာနေမှာ... သွားလိုက်လေ... ခင်ဗျား သဘောပါ သင်ချင်လည်း သင်ပါ..."

"တကယ်ဆို မင်းတားလို့ ရပါတယ်... မင်းမှာ တားပိုင်ခွင့် အပြည့်ရှိတယ်လေ..."

"မတားတော့ဘူး... ကျွန်တော် အဲ့လိုတွေ လုပ်ဖို့ မဝံ့ရဲတော့ဘူး... ခင်ဗျားက ကျွန်တော့်အပိုင်ဆိုရင်တောင်မှ အပိုင်ရယ်လို့ မကြွားရဲတော့ဘူး...."

ဒီမနက်မှ ရောင်ဖြာ့ထံမှ ဤစကားတွေက သူစိမ်းဆန်မှု အပြည့်နဲ့ပင်...။ ဒီရက်ပိုင်း ရောင်ဖြာ ဘာဖြစ်နေသည်လဲ မသိ...။ သေချာသည်က သူ့ရင်ထဲမှာတော့ အစိုင်အခဲ တစ်စုံတစ်ရာတော့ ရှိနေပါလိမ့်မည်....။

မောင် ဘယ်လို တားရမလဲ?
မောင် ဘယ်လို တားရတော့မလဲ? ခင်ဗျားစိတ်ကို အလိုလိုက် အကြိုက်ဆောင်ပြီး နေမယ့်သူ... ကျွန်တော့်ထံမှ ဆွဲခေါ်သွားမည့်သူက အများကြီး...။ ကျွန်တော် ဘယ်လို ကိုယ့်ကိုကိုယ် ယုံကြည်ချက် ရှိမလဲ?မောင် လူတိုင်းကို လိုက်ယှဥ်တတ်တာ မဟုတ်ပေမယ့် ခင်ဗျားကတော့ ထိုကလေးမလေးကို အမှန်တကယ် တစ်နေ့နေ့တော့ မေတ္တာ သက်ဝင်မည် ထင်သည်....။

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့။)S-2Where stories live. Discover now